ရောက်ရာပေါက်ရာက သတင်း အတင်း အဖျင်း လေးတွေ အဲ ပေါက်ကရတွေနဲ့ ဗလပွ....ရှုပ်နေတဲ့.....စပေါ့ဘလော့

ရန်ကုန် မိုးလေဝသ

Monday, December 22, 2008

ဗိုလ်ချုပ်များ ရာထူးတက်ပြန်ပြီ

မြန်မာ စစ်အစိုးရ စစ်တပ်၏ အဆင့်မြင့် အရာရှိများ အတွင်း ရာထူး တိုးမြှင့် ပေးခြင်းများ ပြုလုပ်နေမှုသည် လာမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ အတွက် နိုင်ငံရေးအရ ပြင်ဆင်မှု ပြုလုပ် နေခြင်း ဖြစ်ကြောင်း လေ့လာသူများက ပြောသည်။

ပြည်တွင်း ပြည်ပ အခြေစိုက် စစ်ရေး လေ့လာသူများက ယင်းသို့ ဒုဗိုလ်ချုပ်ကြီး အဆင့် ရာထူးတိုးမြှင့်လိုက်သူ အနည်းဆုံး ဗိုလ်ချုပ် ၃ ဦး ရှိသည်ဟု ဆိုသည်။

ယခင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်ရှိန်ကို အသစ်ဖွဲ့စည်းထားသည့် ဌာနဖြစ်သော တပ်မတော် စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း၊ ရေ၊ လေ) ရာထူး အသစ်သို့ တိုးမြှင့် ပေးအပ်လိုက်သည်ဟု စစ်ရေး လေ့လာသူများက ပြောသည်။

ထို့အပြင် အမှတ် (၃) စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) ဗိုလ်ချုပ် ခင်ဇော်၊ အမှတ် (၄) စစ်ဆင်ရေး အထူး အဖွဲ့မှူး (ကစထမှူး) ဗိုလ်ချုပ် သာအေးနှင့် စစ်ရေးချုပ် ဗိုလ်ချုပ် သူရမြင့်အောင်တို့ကို ဒု ဗိုလ်ချုပ်ကြီးများ အဆင့်သို့ ရာထူးတိုးမြှင့် ပေးအပ်လိုက် ကြောင်းလည်း သိရသည်။

“သူတို့ တပ်တွေမှာ ရာထူးတွေ ခန့်အပ်တယ် ဆိုတာက ထိုက်တန် လျှော်ညီတဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်ဆိုတာ ရှိထားပြီးသား၊ အခုက ဒုဗိုလ်ချုပ်ကြီးတွေ ခန့်တာ များလာပြီဆိုတော့ ဌာနတွေကို တိုးချဲ့ပေးထားတဲ့ သဘောမျိုးရှိလို့ ဒီလို ခန့်တာလို့ ကျနော်ထင်တယ်၊ ဖွဲ့စည်းပုံတွေ တိုးချဲ့လာတဲ့ သဘောပေါ့”ဟု ပြည်ပ အခြေစိုက် စစ်ရေးလေ့လာသူ ဦးဌေးအောင်ကလည်း ပြောသည်။

အဆိုပါ ကစထမှူး ဌာနမှာ ၅ ခုရှိပြီး ၄ ခုသည် ၂၀၀၁ ခုနှစ်က စတင်ဖွဲ့စည်း ခဲ့ခြင်း ဖြစ်ကြောင်း၊ ကစထမှူးများ၏ လုပ်ငန်းတာဝန်သည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးများနှင့် သက်ဆိုင်သည်များကို ကြီးကြပ်ရန် ဖြစ်ကြောင်း သိရသည်။

လေ့လာသူများကမူ ထိုသို့ ကစထမှူးများ ထားရှိခြင်းသည် စစ်တပ်အတွင်း ရှုပ်ထွေးဖွယ်ရာ ဖြစ်ကြောင်း သုံးသပ် ကြသည်။

အမှတ် (၅) စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) ရန်ကုန်တိုင်း နေရာကို ၂၀၀၆ ခုနှစ်မှ စတင်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လူယုံဟုဆိုသော ယခင် ရန်ကုန်တိုင်း တိုင်းမှူး ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေက ကွပ်ကဲနေကြောင်း သတင်းများအရ သိရသည်။

တချိန်တည်းတွင်ပင် ဒီဇင်ဘာ ၁၂ ရက်နေ့က မေမြို့ စစ်တက္ကသိုလ် အမှတ်စဉ် (၅၁) ဗိုလ်လောင်း သင်တန်း ဆင်းပွဲတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း ဗိုလ်လောင်းများ အနေနှင့် စစ်ရေးအမြင်၊ နိုင်ငံရေး အမြင်၊ စီးပွားရေး အမြင်၊ အုပ်ချုပ်ရေး အမြင်များကို လေ့လာ ဆည်းပူးကြရန် ၎င်း၏ မိန့်ခွန်း၌ ထည့်သွင်း ပြောကြားသည်။

“နိုင်ငံတော်ရဲ့ ရှေ့ဆက်သွားမယ့် မူဝါဒ လမ်းစဉ် (၇) ရပ်ရဲ့ စတုတ္ထ အဆင့်ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းကို ၂၀၀၈ ခုနှစ် မေလမှာ ပြည်သူလူထု တရပ်လုံးက တခဲနက် ထောက်ခံ အတည်ပြုပေးခဲ့ပြီး ဖြစ်တယ်၊ ဆက်လက်ပြီး ပဉ္စမအဆင့် ဖြစ်တဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ များကိုလည်း ၂၀၁၀ ပြည့်နှစ်မှာ ကျင်းပပေးပြီး နိုင်ငံတော် အာဏာလွှဲပြောင်းရေးကို ဆက်လက် ဆောင်ရွက်နိုင်တော့မှာ ဖြစ်ကြောင်း ပြောကြားလိုတယ်” ဟုလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောဆိုထားသည်ကို ဒီဇင်ဘာ ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ယင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၁၉၈၈ ခုနှစ်က အာဏာသိမ်း စစ်အစိုးရအဖွဲ့ဖြစ်သော နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (န၀တ) တွင် စတင်ပါဝင်ခဲ့သူ ဖြစ်ပြီး ၁၉၉၇ ခုနှစ်၌ န၀တကို နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) အဖြစ် ပြောင်းလဲ၍ နိုင်ငံ့အာဏာကို ဆက်လက် ချုပ်ကိုင်ထားသူ ဖြစ်သည်။
ဧရာဝတီ-ကိုစိုး

0 comments:

Youtube ဗွီဒီယို

Loading...

မြန်မာ စံတော်ချိန်

အမေရိကန် စံတော်ချိန်(New York)

ထိုင်းစံတော်ချိန်-Bangkok

အဖြူရောင်သံစဉ်

အဖြူရောင်သံစဉ်

Fairy Art of the Day

သတင်းနှင့်ရုပ်ရှင်

http://www.youtube.com Brazillian Musics Click

ပြောချင်တာပြောဗျာ free ပဲ

ဧည့်သည်တွေက

Google Talk Gadget


Widget by iMessengr.com

About Me

Powered By Blogger