ရောက်ရာပေါက်ရာက သတင်း အတင်း အဖျင်း လေးတွေ အဲ ပေါက်ကရတွေနဲ့ ဗလပွ....ရှုပ်နေတဲ့.....စပေါ့ဘလော့

ရန်ကုန် မိုးလေဝသ

Monday, November 24, 2008

မိတ်ဆွေစစ်



အတၱာနေဥၥ ပိယံ ဇညာ၊ ရေကၡယ် နံ သုရကၡိတံ။
တိဏၰံ အညတရံ ယာမံ၊ ပဋိဇေဂၢယ် ပဏ္ဍိတော။

မိမိကိုယ်ကို ချစ်အပ်၏ဟုသိပါမူ ထိုမိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်ခြင်းဖြင့် စောင့်ရှောက် ရာ၏ ပညာရှိသူသည် အရွယ်သုံးပါးတို့တွင် တစ်ပါးပါးသောအရွယ်၌ လုံ့လထုတ်ကာ သုတ် သင်ရာ၏။ (ဓမ္မပဒ)

လူတိုင်း နတ်တိုင်း၊ ဗြဟ္မာတိုင်းတို့၊ နက်ရှိုင်းမှတ်သို၊
မိမိကိုယ်ကို၊ ကြည်ညိုချစ်ခင်၊ မိတ်ဆွေထင်၏။
သို့ပင်တင်စား၊ အားကိုးငြားလည်း၊
မြောက်မြားထိုထို၊ ဤသို့ကိုယ်ကို၊
ထင်သလိုစစ်၊ ကယ်မဖြစ်ဘဲ၊
မင်းညစ်ပါပ၊ ဒုကမ္မ၌၊
ပျော်ကြပြီးကာ၊ ညစ်ညူးစွာလျှင်၊
ပါယ်ရွာဘက်သို့၊ သင့်ကိုပို့ကြောင်း၊
ရွှင်မျို့ဖွယ်ယောင်၊ မာယာဆောင်သည့်၊
အကောင်ဥပါ၊ ကဲ့ပမာသို့၊
လိမ္မာ ပါးနပ်၊ ပူး၍သတ်သည့်၊
ကြောက်အပ်ထိပ်သီး၊ ရန်သူ ကြီးပင်။
ဤနည်းအမှန်၊ သူ့ဖြစ်ဟန်ကို၊
သိဉာဏ်စေဘိ၊ ရိပ်စားမိလျက်၊
သတိပညာ၊ ရှေ့ဆောင်ကာလျှင်၊
ခန္ဓာဟုဆို၊ ရသည့်ကိုယ်ကို၊
သူ့လိုမလိုက်၊ ကိုယ့်အကြိုက်ဖြင့်၊
အမိုက်စော်ကား၊ လုပ်ခွင့်တားလျှက်၊
ဆယ်ပါးကောင်းဟိတ်၊ သုစရိတ်ကို၊
ခဲကြိတ်မြဲပေ၊ ပြုလုပ်စေ၍၊
မိတ်ဆွေအစစ်၊ ကယ်ပင်ဖြစ်အောင်၊
နွားညစ်ဆုံးမ၊ ပုံတမျှသို့၊
ဒန္တဖြစ်ကြောင်း၊ ဥပါယ်ပေါင်းဖြင့်၊
ဖျားယောင်းလိမ္မာ၊ ကိုယ့်ဘက်ပါ၍၊
သံသာထွက်မှု၊ ဖော်ကောင်းပြုလျက်၊
သင့်မှုသင့်တာ၊ သင်လိမ္မာလျှင် ... သင်သာသန္တိ ချဉ်းလိမ့်သော်။


ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရ ကျောင်းတိုက် အဘိဓဇမဟာရဋ္ဌဂုရု စတုတ္ထစံကျောင်း ဆရာတော် ဘဒ္ဒန္တ၀ိမလ၏ သြ၀ါဒရတနာ သုတပဒေသာမှ ကောက်နုတ်ချက်များကို ပြန်လည်ဝေငှပါသည်။ အားလုံးသော သတ္တ၀ါတွေ ဘေးကင်း ရန်ကွာ၍ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေ။
ကန္တာရ

0 comments:

Youtube ဗွီဒီယို

Loading...

မြန်မာ စံတော်ချိန်

အမေရိကန် စံတော်ချိန်(New York)

ထိုင်းစံတော်ချိန်-Bangkok

အဖြူရောင်သံစဉ်

အဖြူရောင်သံစဉ်

Fairy Art of the Day

သတင်းနှင့်ရုပ်ရှင်

http://www.youtube.com Brazillian Musics Click

ပြောချင်တာပြောဗျာ free ပဲ

ဧည့်သည်တွေက

Google Talk Gadget


Widget by iMessengr.com

About Me

Powered By Blogger