ရောက်ရာပေါက်ရာက သတင်း အတင်း အဖျင်း လေးတွေ အဲ ပေါက်ကရတွေနဲ့ ဗလပွ....ရှုပ်နေတဲ့.....စပေါ့ဘလော့

ရန်ကုန် မိုးလေဝသ

Thursday, November 27, 2008

အိန္ဒိယနိုင်ငံအတွင်းက ...အကြမ်းဖက်မှု့ 


အိန္ဒိယ နိင်ငံ မန်ဘိုင် မြို့ မှာ စစ်သွေးကြွ အကြမ်းဖက်သမားတို့၏ ဗုးံဖေါက်ခွဲမှု့ နှင့် ပြန်ပေးဆွဲ မှု တွေဖြစ်ပေါ်နေပါတယ်။ မန်ဘိုင်မြို့ဟာ အိန္ဒိယ နိင်ငံအတွက် စီးပွားရေးအရ အဓိကကြတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ နာမည်ကြီးဟိုတယ်တွေဖြစ်တဲ့ အိုဘီရီ ဟိုတယ်၊ တပ်ခ်ျမဟာ ဟော်တယ် တွေ ရှိတဲ့နေရာလည်းဖြစ်ပါတယ်။
အဲဒီနေရာမှာ ဂျူးလူမျိုးတွေအများဆုံးနေထိုင်တယ်လို့လည်းသိရပါတယ်။

အကြမ်းဖက်များနှင့် ရဲများ တိုက်ခိုက်မှုအပြင်းအထန်ဖြစ်ပွားကြပြီး ရဲတပ်ဖွဲ့ ဘက်မှ (၄၀)ကျော်သေဆုံးပြီးအကြမ်းဖက်များဘက်မှ(၃)ဦးသေဆုံးတယ်လို့သိရပါတယ်။ဗုံးဖေါက်ခွဲမှု့ကြောင့် အရပ်သား (၁၃၀)နီးနီးသေဆုံးပြီး (၃၀၀)နီးနီးဒါဏ်ရာရခဲ့တယ်လို့လည်းသိရပါတယ်။ ရဲကွန်မန်ဒို ၂၀၀ခန့်ကိုအခင်းဖြစ်ရာ
နေရာများစီသို့ စေလွတ်လိုက်ပြီလို့ သိရတယ်။

အကြမ်းဖက်တွေဟာ ကမ္ဘာလှ ည့် ခရီးသွား တွေကို တံဆာ ခံအ ဖြစ် ဖမ်းဆီး ထားတယ်လို့ သိရပါတယ်။ အကြမ်းဖက်သမားတွေက အမေရိကန်လူမျိုးများ နဲ့ ဥရောပနိုင်ငံသားများကို ပြစ်မှတ် ထား ပြီး ရှာဖွေ တိုက်ခိုက်ခဲ့တယ်။ အိုဘရိုင်း ဟော်တယ် ကတော့ ဖေါက်ခွဲ မှုကြောင့် ဆိုးဆိုးဝါးဝါး ပျက်ဆီးသွားပါတယ်။ Deccan Mujahideen- အဖွဲ့ က တော့ တိုက်ခိုက်မှု တွေကို သူတို့ လုပ်တာလို့ ဆိုပါတယ်။သူတို့  တိုက်ခိုက်
ရတဲ့ ရည်ရွယ်ချက်ကတော့ အိန္ဒိယ နိင်ငံ ထောင်တွေ မှာ အဖမ်းခံနေရတဲ့ အစ္စလန်ဘာသာရေး အစွန်းရောက် အကြမ်းဖက်သမားတွေကို ပြန်လွတ်ပေး ဖို့ တောင်းဆို ထားပါတယ်။ရဲတပ်ဖွဲ့များ ၏ ကြိုးစားမှု့ကြောင့် ဖမ်းစီးခံထားရသူ (၁၀)ဦးလွတ်မြောက်လာပြီလို့သိရပါတယ်။

အိန္ဒိယပင်လယ်ပြင်မှာတော့ အကြမ်းဖက်တို့၏ သင်္ဘောဟု သံသရရှိဖွယ် သင်္ဘောတစ်ဆင်းကို တွေရှိထားပြီး လည်းကောင်းသင်္ဘောကို စစ်ဆေးမှုများလုပ်နိုင်ပြီလို့ သိရပါတယ်။ အာဏာပိုင်တို့ကတော့ ဒီသင်္ဘောဟာ ပါကစ္စတန်ဘက်မှ လာသော အကြမ်းဖက်တို့၏ သင်္ဘောဟု ဆိုထားပါတယ်။ပါကစ္စတန်နိုင်ငံဘက်မှလည်း ဒီအကြမ်းဖက်မှုကို မိမိတို့ ဘက်မှလည်း အပြင်းအထန်ရှုံ့ ချကြောင်းနှင့် အကြမ်းဖက်များကို နှိနှင်းရန် အဆင်သင့်ရှိကြောင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

ကန္တာရ

0 comments:

Youtube ဗွီဒီယို

Loading...

မြန်မာ စံတော်ချိန်

အမေရိကန် စံတော်ချိန်(New York)

ထိုင်းစံတော်ချိန်-Bangkok

အဖြူရောင်သံစဉ်

အဖြူရောင်သံစဉ်

Fairy Art of the Day

သတင်းနှင့်ရုပ်ရှင်

http://www.youtube.com Brazillian Musics Click

ပြောချင်တာပြောဗျာ free ပဲ

ဧည့်သည်တွေက

Google Talk Gadget


Widget by iMessengr.com

About Me

Powered By Blogger