ရောက်ရာပေါက်ရာက သတင်း အတင်း အဖျင်း လေးတွေ အဲ ပေါက်ကရတွေနဲ့ ဗလပွ....ရှုပ်နေတဲ့.....စပေါ့ဘလော့

ရန်ကုန် မိုးလေဝသ

Thursday, November 27, 2008

အိန္ဒိယနိုင်ငံအတွင်းက ...အကြမ်းဖက်မှု့ 


အိန္ဒိယ နိင်ငံ မန်ဘိုင် မြို့ မှာ စစ်သွေးကြွ အကြမ်းဖက်သမားတို့၏ ဗုးံဖေါက်ခွဲမှု့ နှင့် ပြန်ပေးဆွဲ မှု တွေဖြစ်ပေါ်နေပါတယ်။ မန်ဘိုင်မြို့ဟာ အိန္ဒိယ နိင်ငံအတွက် စီးပွားရေးအရ အဓိကကြတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ နာမည်ကြီးဟိုတယ်တွေဖြစ်တဲ့ အိုဘီရီ ဟိုတယ်၊ တပ်ခ်ျမဟာ ဟော်တယ် တွေ ရှိတဲ့နေရာလည်းဖြစ်ပါတယ်။
အဲဒီနေရာမှာ ဂျူးလူမျိုးတွေအများဆုံးနေထိုင်တယ်လို့လည်းသိရပါတယ်။

အကြမ်းဖက်များနှင့် ရဲများ တိုက်ခိုက်မှုအပြင်းအထန်ဖြစ်ပွားကြပြီး ရဲတပ်ဖွဲ့ ဘက်မှ (၄၀)ကျော်သေဆုံးပြီးအကြမ်းဖက်များဘက်မှ(၃)ဦးသေဆုံးတယ်လို့သိရပါတယ်။ဗုံးဖေါက်ခွဲမှု့ကြောင့် အရပ်သား (၁၃၀)နီးနီးသေဆုံးပြီး (၃၀၀)နီးနီးဒါဏ်ရာရခဲ့တယ်လို့လည်းသိရပါတယ်။ ရဲကွန်မန်ဒို ၂၀၀ခန့်ကိုအခင်းဖြစ်ရာ
နေရာများစီသို့ စေလွတ်လိုက်ပြီလို့ သိရတယ်။

အကြမ်းဖက်တွေဟာ ကမ္ဘာလှ ည့် ခရီးသွား တွေကို တံဆာ ခံအ ဖြစ် ဖမ်းဆီး ထားတယ်လို့ သိရပါတယ်။ အကြမ်းဖက်သမားတွေက အမေရိကန်လူမျိုးများ နဲ့ ဥရောပနိုင်ငံသားများကို ပြစ်မှတ် ထား ပြီး ရှာဖွေ တိုက်ခိုက်ခဲ့တယ်။ အိုဘရိုင်း ဟော်တယ် ကတော့ ဖေါက်ခွဲ မှုကြောင့် ဆိုးဆိုးဝါးဝါး ပျက်ဆီးသွားပါတယ်။ Deccan Mujahideen- အဖွဲ့ က တော့ တိုက်ခိုက်မှု တွေကို သူတို့ လုပ်တာလို့ ဆိုပါတယ်။သူတို့  တိုက်ခိုက်
ရတဲ့ ရည်ရွယ်ချက်ကတော့ အိန္ဒိယ နိင်ငံ ထောင်တွေ မှာ အဖမ်းခံနေရတဲ့ အစ္စလန်ဘာသာရေး အစွန်းရောက် အကြမ်းဖက်သမားတွေကို ပြန်လွတ်ပေး ဖို့ တောင်းဆို ထားပါတယ်။ရဲတပ်ဖွဲ့များ ၏ ကြိုးစားမှု့ကြောင့် ဖမ်းစီးခံထားရသူ (၁၀)ဦးလွတ်မြောက်လာပြီလို့သိရပါတယ်။

အိန္ဒိယပင်လယ်ပြင်မှာတော့ အကြမ်းဖက်တို့၏ သင်္ဘောဟု သံသရရှိဖွယ် သင်္ဘောတစ်ဆင်းကို တွေရှိထားပြီး လည်းကောင်းသင်္ဘောကို စစ်ဆေးမှုများလုပ်နိုင်ပြီလို့ သိရပါတယ်။ အာဏာပိုင်တို့ကတော့ ဒီသင်္ဘောဟာ ပါကစ္စတန်ဘက်မှ လာသော အကြမ်းဖက်တို့၏ သင်္ဘောဟု ဆိုထားပါတယ်။ပါကစ္စတန်နိုင်ငံဘက်မှလည်း ဒီအကြမ်းဖက်မှုကို မိမိတို့ ဘက်မှလည်း အပြင်းအထန်ရှုံ့ ချကြောင်းနှင့် အကြမ်းဖက်များကို နှိနှင်းရန် အဆင်သင့်ရှိကြောင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

ကန္တာရ

ထိုင်းနိုင်ငံမှာတော့.....




ထိုင်း ၀န်ကြီးချုပ် က ဘန်ကောက်နဲ့  ချင်းမိုင်လေဆိပ်တွေကို အရေးပေါ် ကာဗျူး ထုတ်လိုက်ပါတယ်။ ဆန္ဒပြ ပွဲကိုဦးဆောင်နေတဲ့ ခေါင်းဆောင်တွေက အရေးပေါ်အမိန့် ကို ဂရုမစိုက်ဘူး လုပ်စရာရှိတာ ဆက်လုပ်မယ်လို့ ဆိုတယ်။ အခုဆိုရင် ဆန္ဒပြသူတွေက နေရာသုံးခုကိုထိန်းချုပ်ထားပါတယ်။ယနေ့ညမှာ ထိုင်းရဲတပ်ဖွဲ့ က လေဆိပ်ထဲကို ဝင်ရောက်စီးနင်မယ်လို့ သတင်းရတဲ့အတွက် ဆန္ဒပြသူတွေဘက်ကလည်း လုံခြုံရေး အထပ်ထပ်ချထားပြီး စစ်ဆေးနေတယ်လို့သိရတယ်။ ထိုင်းစစ်တပ် ခေါင်းဆောင်ကတော့ ဝန်ကြီးချုပ်ကို ရွေးကောက်ပွဲ အသစ်လုပ်ဖို့ တောင်းဆိုထားတယ်။ဒါကို ဝန်ကြီးချုပ်က လက်မခံဘူးလို့လည်း သိရတယ်။ဆန္ဒပြတဲ့သူတွေကို နှိမ်နင်းဘို့ အစီစဉ်ရှိတယ်လို့သိရတယ်။ထိုင်းစစ်တပ်ကတော့ အာဏာသိမ်းဘို့ အစီစဉ် မရှိဘူးလို့ ပြောနေပါတယ်။ဒါပေမယ့် စစ်တပ်တွေ နှင့် သံချပ်ကာ ကားတွေကိုတော့ တိုးချဲ့  ချထားပါတယ်။လေဆိပ်မှတော့ ခရီးသွားနိုင်ငံခြားသားတွေ သောင်းဂဏန်း ပိတ်မိနေပါတယ်။အခုလို အခြေအနေတွေကြောင့် ထိုင်းနိုင်ငံရဲ့  အဓိကစည်းပွားရေးဖြစ်တဲ့ ခရီးသွားလုပ်များ စိုးရိမ်စရာအခြေအနေဖြစ်နေပြီး တစ်နေ့ ဝင်ငွေ အမေရိကန်ဒေါ်လာ (၇)သန်းခန့် နစ်နာနေရတယ်လို့သိရပါတယ်။ဆန္ဒပြသူတွေကတော အစိုးရသစ် မဖွဲပေးမချင်း သူတို့ရဲ့  အလုပ်တွေကို ဆက်လက် အရှိန်ဟုန်မြှင့် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ကန္တာရ

Wednesday, November 26, 2008

န အ ဖ ဘာတွေကြိုးစားနေလည်း

ဆော်လမွန်
အင်္ဂါနေ့၊ နိုဝင်ဘာလ 25 2008 13:18 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ ရှားရှားပါးပါး ဖြစ်ရပ်တခုအဖြစ် မြန်မာ ပြန်ကြားရေး ဝန်ကြီးဌာန အရာရှိတဦးက တပ်တွင်း အပြောင်းအလဲများကို မကြာမီက တောတွင်းမြို့တော်သစ် နေပြည်တော်တွင် ကျင်းပခဲ့သည့် နောက်ဆုံး ၄ လပတ် အစည်းအဝေးအတွင်း ပြုလုပ်ခဲ့သည်ဟု ယနေ့ အရိပ်အမြွက် ပြောဆိုသည်။

နေပြည်တော်တွင် ကျင်းပခဲ့သည့် နောက်ဆုံး ၄ လပတ် အစည်းအဝေးတွင် တပ်တွင်း အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ကြောင်း အမည်မဖော်လိုသူ အရာရှိတဦးက ပြောဆိုခြင်း ဖြစ်သည်။

"အပြောင်းအလဲတချို့နဲ့ ရာထူးတိုးပေးတာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုလောလောဆယ် ကျနော်တို့ ဘာမှ မပြောနိုင်သေးပါဘူး" ဟု အဆိုပါ အရာရှိက ပြောသည်။

သို့သော် သူက အသေးစိတ် ပြောကြားရန် ငြင်းဆိုသွားခဲ့ပြီး၊ အစိုးရက ဤအပြောင်းအလဲများ၊ ရာထူး အပြောင်းအရွှေ့များကို မကြာမီ ကြေညာမည်ဟု ပြောဆိုသည်။

မြန်မာ စစ်ခေါင်းဆောင်များသည် ၄ လပတ် အစည်းအဝေးများကို ပုံမှန် ပြုလုပ်လေ့ရှိပြီး၊ ယခု နောက်ဆုံး ကျင်းပခဲ့သော အစည်းအဝေးမှာ လွန်ခဲ့သော စနေနေ့က ပြီးဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ဤအစည်းအဝေးတွင် ယခု စစ်တပ် ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာများကို ဆွေးနွေးခဲ့ကြပြီး၊ တပ်တွင်း အပြောင်းအရွှေ့များကိုလည်း ဆောင်ရွက်ခဲ့သည်။ ဇူလိုင်လတွင် နောက်ဆုံး ကျင်းပခဲ့သော ၄ လပတ် အစည်းအဝေးတွင် စစ်အစိုးရသည် စစ်အရာရှိ ၁ဝဝ နီးပါးကို ပြောင်းရွှေ့ခန့်ထားမှုများ ဆောင်ရွက်ခဲ့သည်။

"စစ်တပ်ကို ခိုင်မာတောင့်တင်းအောင် လုပ်ရမှာမို့လို့ ဒီတခါလည်း တပ်ထဲမှာ အပြောင်းအလဲတချို့ လုပ်ခဲ့ပါတယ်။ ဗိုလ်ချုပ် ၃ ယောက်ကို ဒုဗိုလ်ချုပ်ကြီးများအဖြစ် ရာထူး တိုးမြှင့်ပေးခဲ့ပါတယ်" ဟု ထိုင်းနိုင်ငံတွင် အခြေစိုက်သည့် စစ်ရေးသုံးသပ်သူ ဦးဝင်းမင်းက ပြောသည်။

သို့သော် ဤအပြောင်းအလဲများနှင့် ယခု ၄ လပတ် အစည်းအဝေးသည် ၂ဝဝ၈ ခုနှစ်အတွက် နောက်ဆုံး ဖြစ်သည်နှင့်အညီ သိပ်အရေးမပါလှဘဲ စစ်အစိုးရက ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကိုသာ ပိုမို အာရုံစိုက် ဆွေးနွေးခဲ့ကြသည်ဟု သူက ပြောသည်။

"ဒီတခါတော့ ဝန်ကြီးတွေထဲမှာ နဲနဲပဲ အပြောင်းအလဲ ဖြစ်မယ်လို့ ထင်တယ်။ ဒါတွေက နောက်အစည်းအဝေးကျမှ လုပ်မှာ" ဟု သူက ဆိုသည်။

မြန်မာစစ်တပ်တွင်း ထိပ်တန်းရာထူးကြီးများ တက်ရောက်သည့် လေးလပတ် အစည်းအဝေးကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်များ (SPDC) ၊ တန်ခိုးထွားလှသော စစ်တိုင်းမှူးများ၊ ကစထ (BSO) မှူးများပါဝင် တက်ရောက်ကြသည်၊

မည်သို့ပင်ဖြစ်စေ သတင်းရပ်ကွက်များက မဇ္ဈိမသို့ ပြောကြားသည်မှာ အငြိမ်းစားယူသွားသည့် ကစထမှူးများ ဖြစ်ကြသော ဗိုလ်ချုပ်မောင်ဘို၊ ဗိုလ်ချုပ်ရဲမြင့်နှင့် ဗိုလ်ချုပ်ကျော်ဝင်းတို့သည် ယခုအစည်းအဝေးကို လာတက်ခဲ့ကြသဖြင့် သူတို့သည် နအဖ အဖွဲ့ဝင်များအဖြစ် ရှိဆဲပင်ဖြစ်ကြောင်း ထင်ရှားသည်ဟု ဆိုကြသည်။

ငြိမ်းအဖွဲ့များကို ကိုင်တွယ်ရန်၊ အထူးသဖြင့် တဒါဇင်ခွဲခန့်ရှိသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို လက်နက်ဖြုတ်ရာတွင် သူတို့၏ အခန်းကဏ္ဍကို အသုံးချရန်အတွက် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လိုလားသည်ဟု သတင်းရပ်ကွက်များက မဇ္ဈိမကို ပြောသည်။

"သန်းရွှေနဲ့ သူ့ဗိုလ်ချုပ်တွေက ကာကွယ်ရေး ကော်မရှင်မှာ အဖွဲ့ဝင်တွေ ဖြစ်လာနိုင်တယ်။ တရုတ်ပြည်ကလို ပုံစံတမျိုးပေါ့" ဟု အဆိုပါ နေပြည်တော် သတင်းရပ်ကွက်တခုက ပြောသည်။

စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲလွန် ကာလအတွက် ရုံးများဖွင့်ရန် ပြင်ဆင်နေပြီး ယင်းရုံးများသည် တောတွင်းမြို့တော်ရှိ ကာကွယ်ရေးဌာန၏ အဆောက်အဦတချို့တွင် ဖွင့်လှစ်လိမ့်မည် ဖြစ်သည်။

တရုတ်-မြန်မာ နယ်စပ်အခြေစိုက် လေ့လာသုံးသပ်သူ ဦးမြမောင်ကမူ မကြာသေးခင်က ပြီးဆုံးသွားခဲ့သော အစည်းအဝေးသည် ၂ဝ၁ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်သည့်အနေနှင့် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

"ဗိုလ်ချုပ်ကြီးတွေက ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ပြင်နေကြတာ။ လုံခြုံရေးကိစ္စတွေ၊ ပြည်ထဲရေးကိစ္စတွေနဲ့ ရဲတပ်ဖွဲ့ကို ပြင်ဆင်ထားဖို့ပဲဖြစ်တယ်" ဟု ဦးမြမောင်က ပြောသည်။

ဒီမိုကရေစီသို့သွားရာ လမ်းပြမြေပုံ၏ အစိတ်အပိုင်းတရပ်အရ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ပြီး အနိုင်ရပါတီကို အစိုးရဖွဲ့ခွင့်ပြုကာ အာဏာလွှဲပြောင်းပေးမည်ဟု မြန်မာစစ်အစိုးရက ကြေညာထားသည်။

သို့သော် အစိုးရသည် အတိုက်အခံ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခြင်း၊ နှစ်ရှည် ထောင်ဒဏ်ချခြင်းဖြင့် သူတို့ကို တင်းတင်းကျပ်ကျပ် စောင့်ကြည့် ထိန်းချုပ်ထားမှုများကိုမူ ဆက်လက် ထိန်းသိမ်းထားဆဲ ရှိသည်။ ထို့ပြင် တိုင်းပြည်တဝှမ်း ၂ဝဝ၇ ခုနှစ် သြဂုတ်နှင့် စက်တင်ဘာလများအတွင်း ဒီမိုကရေစီလိုလားသည့် တက်ကြွလှုပ်ရှားသူများက ဆန္ဒပြပွဲများ ကျင်းပခဲ့သော မြို့များ၊ မြို့ကြီးများတွင် လုံခြုံရေးအစီအမံများ ပြုလုပ်ထားသည်။

အထွေထွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်သည့် အနေနှင့် တပ်တွင်းတွင် ရာထူးနေရာ အများအပြားကို အပြောင်းအလဲများ ပြုလုပ်ဖွယ်ရှိသည်ဟု ဦးမြမောင်က ပြောသည်။ အချို့ကို အငြိမ်းစားယူစေပြီး၊ အချို့ကို အရပ်သား အစိုးရဘက်သို့ ပို့ကာ၊ ရဲတပ်ဖွဲ့ကိုမူ အရန်စစ်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်သည်ဟု ဆိုသည်။

"ဘယ်လိုဆန္ဒပြမှုမျိုးပဲ ဖြစ်လာဖြစ်လာ၊ ရဲတပ်ဖွဲ့က နှိမ်နင်းနိုင်ဖို့ စစ်အစိုးရက ရဲတပ်ဖွဲ့ကို တိုးချဲ့ဖွဲ့စည်းတာတွေ လုပ်နေတယ်။ စစ်တပ်ကတော့ တိုင်းရင်းသား သူပုန်တွေနဲ့ တိုက်ဖို့ ဆက်ထားမှာဖြစ်တယ်" ဟု ဦးမြမောင်က ပြောသည်။

တိုင်းပြည်တဝှမ်းတွင် အနည်းဆုံး ရဲတပ်ဖွဲ့ ၁၆ ရင်းမှ ၁၈ ရင်းထိ တိုးချဲ့ဖွဲ့စည်းခဲ့ပြီး၊ တပ်ရင်းတရင်းလျှင် ရဲတပ်ဖွဲ့ဝင် ၄ဝဝ ကျော်ရှိသည်ဟု သူက ပြောသည်။

သို့သော် ထိုင်းနိုင်ငံအခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက် (NDD) ၏ သုတေသီဖြစ်သူ ဦးဌေးအောင်ကမူ မကြာခင်က ကျင်းပခဲ့သော စစ်အစိုးရ၏ ၄ လပတ် အစည်းအဝေးတွင် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် လတ်တလော ဖြစ်ပွားနေသည့် ရေကြောင်းနယ်နိမိတ် ပြဿနာ အစရှိသည့် အရေးပါသော ပြဿနာကြီး အနည်းငယ်မျှကိုသာ ဆွေးနွေးဖွယ်ရှိသည်ဟု ပြောသည်။

"ကျနော်ထင်တာ စစ်အစိုးရက ၂ဝ၁ဝ ရွေးကောက်ပွဲလို၊ မကြာသေးခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဖြစ်ခဲ့တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လို အကြပ်အတည်းတွေနဲ့ စီးပွါးရေး အကြပ်အတည်းတွေ ဆိုတာလောက်ပဲ အရေးကြီးတာတွေ ဆွေးနွေးမှာပါ" ဟု ဦးဌေးအောင်က ပြောသည်။

မည်သူတွေက နိုင်ငံရေးပါတီ ဖွဲ့ရမည်၊ မည်သူတွေက စစ်တပ်ထဲတွင် ကျန်ခဲ့ရမည် ဆိုတာကိုလည်း စစ်အစိုးရက ဆွေးနွေး ဆုံးဖြတ်ဖွယ် ရှိသည်ဟုလည်း ဦးဌေးအောင်က ပြောသည်။

မည်သို့ပင်ဖြစ်စေ ၄ လပတ် အစည်းအဝေးများ၌ ပြုလုပ်သော တပ်တွင်း အပြောင်းအလဲများသည် ပုံမှန်သာဖြစ်ပြီး စစ်တပ်တခုလုံး၏ ဖွဲ့စည်းမှုအပေါ်တွင်မူ အနည်းငယ်သာ အရေးပါလိမ့်မည်ဟုလည်း သူက ပြောသည်။

(စိန်ဝင်း ဖြည့်စွက်ရေးသားသည်)

သတင်းတိုထွာ

Monday, November 24, 2008

မိတ်ဆွေစစ်



အတၱာနေဥၥ ပိယံ ဇညာ၊ ရေကၡယ် နံ သုရကၡိတံ။
တိဏၰံ အညတရံ ယာမံ၊ ပဋိဇေဂၢယ် ပဏ္ဍိတော။

မိမိကိုယ်ကို ချစ်အပ်၏ဟုသိပါမူ ထိုမိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်ခြင်းဖြင့် စောင့်ရှောက် ရာ၏ ပညာရှိသူသည် အရွယ်သုံးပါးတို့တွင် တစ်ပါးပါးသောအရွယ်၌ လုံ့လထုတ်ကာ သုတ် သင်ရာ၏။ (ဓမ္မပဒ)

လူတိုင်း နတ်တိုင်း၊ ဗြဟ္မာတိုင်းတို့၊ နက်ရှိုင်းမှတ်သို၊
မိမိကိုယ်ကို၊ ကြည်ညိုချစ်ခင်၊ မိတ်ဆွေထင်၏။
သို့ပင်တင်စား၊ အားကိုးငြားလည်း၊
မြောက်မြားထိုထို၊ ဤသို့ကိုယ်ကို၊
ထင်သလိုစစ်၊ ကယ်မဖြစ်ဘဲ၊
မင်းညစ်ပါပ၊ ဒုကမ္မ၌၊
ပျော်ကြပြီးကာ၊ ညစ်ညူးစွာလျှင်၊
ပါယ်ရွာဘက်သို့၊ သင့်ကိုပို့ကြောင်း၊
ရွှင်မျို့ဖွယ်ယောင်၊ မာယာဆောင်သည့်၊
အကောင်ဥပါ၊ ကဲ့ပမာသို့၊
လိမ္မာ ပါးနပ်၊ ပူး၍သတ်သည့်၊
ကြောက်အပ်ထိပ်သီး၊ ရန်သူ ကြီးပင်။
ဤနည်းအမှန်၊ သူ့ဖြစ်ဟန်ကို၊
သိဉာဏ်စေဘိ၊ ရိပ်စားမိလျက်၊
သတိပညာ၊ ရှေ့ဆောင်ကာလျှင်၊
ခန္ဓာဟုဆို၊ ရသည့်ကိုယ်ကို၊
သူ့လိုမလိုက်၊ ကိုယ့်အကြိုက်ဖြင့်၊
အမိုက်စော်ကား၊ လုပ်ခွင့်တားလျှက်၊
ဆယ်ပါးကောင်းဟိတ်၊ သုစရိတ်ကို၊
ခဲကြိတ်မြဲပေ၊ ပြုလုပ်စေ၍၊
မိတ်ဆွေအစစ်၊ ကယ်ပင်ဖြစ်အောင်၊
နွားညစ်ဆုံးမ၊ ပုံတမျှသို့၊
ဒန္တဖြစ်ကြောင်း၊ ဥပါယ်ပေါင်းဖြင့်၊
ဖျားယောင်းလိမ္မာ၊ ကိုယ့်ဘက်ပါ၍၊
သံသာထွက်မှု၊ ဖော်ကောင်းပြုလျက်၊
သင့်မှုသင့်တာ၊ သင်လိမ္မာလျှင် ... သင်သာသန္တိ ချဉ်းလိမ့်သော်။


ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရ ကျောင်းတိုက် အဘိဓဇမဟာရဋ္ဌဂုရု စတုတ္ထစံကျောင်း ဆရာတော် ဘဒ္ဒန္တ၀ိမလ၏ သြ၀ါဒရတနာ သုတပဒေသာမှ ကောက်နုတ်ချက်များကို ပြန်လည်ဝေငှပါသည်။ အားလုံးသော သတ္တ၀ါတွေ ဘေးကင်း ရန်ကွာ၍ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေ။
ကန္တာရ

Thursday, November 6, 2008

တကယ်ပြောတာပါ


ကျွန်တော့်ရဲ့  ဘလော့လေးကို မတော်တဆ ဝင်ရောက်ကြည့်မိတဲ့ ညီအစ်ကို၊မောင်နှမများ
ဒီဘလော့လေးနဲ့ ဘလော့ဖန်တီးသော မတောက်တခေါက်....ကျွန်တော်ကို ဝေဖန်အကြံပေး ပြစ်တင်အပုတ်ချ၊ အဟုတ်ကဟုတ်ကလေးတွေ ပေးပို့နိုင်ပါတယ်၊

Youtube ဗွီဒီယို

Loading...

မြန်မာ စံတော်ချိန်

အမေရိကန် စံတော်ချိန်(New York)

ထိုင်းစံတော်ချိန်-Bangkok

အဖြူရောင်သံစဉ်

အဖြူရောင်သံစဉ်

Fairy Art of the Day

သတင်းနှင့်ရုပ်ရှင်

http://www.youtube.com Brazillian Musics Click

ပြောချင်တာပြောဗျာ free ပဲ

ဧည့်သည်တွေက

Google Talk Gadget


Widget by iMessengr.com

About Me

Powered By Blogger