ရောက်ရာပေါက်ရာက သတင်း အတင်း အဖျင်း လေးတွေ အဲ ပေါက်ကရတွေနဲ့ ဗလပွ....ရှုပ်နေတဲ့.....စပေါ့ဘလော့

ရန်ကုန် မိုးလေဝသ

Monday, December 22, 2008

ဗိုလ်ချုပ်ရူးကြီးသန်းရွှေ ၏ စိတ်ကို ....

မန်မာနိုင်ငံတွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ခေါင်းဆောင်များကို ကြီးလေးသည့် ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းကြောင့် လူအများက ပြစ်တင်ဝေဖန် ရှုံ့ချခဲ့ကြသည်။ သို့သော်လည်း ဤဖြစ်ရပ်များက မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပေါ် လာမည့် အကြီးအကျယ် နှိပ်ကွပ်နှိမ်နင်းမှုများ၏ အစပျိုးလည်း ဖြစ်နိုင်သည်။ ဗိုလ်ချုပ်သန်းရွှေက ၂၀၁၀ ခုနှစ် ရွေး ကောက်ပွဲမတိုင်မီတွင် သူ့ကိုပြစ်တင်ဝေဖန်နေသူအားလုံးကို နှုတ်ပိတ်၍ ထောင်ထားထည့်ထားရန် ရည်ရွယ်နေသည်။

သူ၏ အားနည်းချက်ဟု ဆိုရလေမလား၊ အားကောင်းချက်ဟု ဆိုရလေမလားမသိ။ ယခုဖိနှိပ်နေမှုများသည် ဗိုလ်ချုပ်သန်း ရွှေက လာမည့် ရွေးကောက်ပွဲတွင် သူကို အတိုက်အခံပြုလာမည့် ရန်ဟူသမျှကို အမြစ်ဖြုတ်ချေမှုန်းပစ်မည်ဟု သံန္နိဌာန်ချ ထားကြောင်း သူ့ကိုဆန့်ကျင်ဝေဖန်နေသူများကို သိသာစေခဲ့သည်။

သူ၏ ခေါင်းဆောင်မှုကို ဝေဖန်မေးခွန်းထုတ်လာသူများကို မတန်တရာ ထောင်ဒဏ်များ ချပစ်သည့် ရည်ရွယ်ချက်ကို တစုံ တဦးက အဓိပ္ပါယ်ဖော်၍ ရနိုင်သော်လည်း၊ ဗိုလ်ချုပ်သန်းရွှေက မည်သို့ စိတ်ကူးကြံစည်နေသည်ကို ဖတ်နိုင်ရန်မှာ ခက်ခဲ လှသောအလုပ်ဖြစ်သည်။ သူနှင့် အနီးကပ်နေရသည့် အရာရှိများကပင် အလားတူ ၀န်ခံပြောဆိုခဲ့ကြဖူးသည်။

သူက ကြိုတင်စီစဉ်ထားသည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့ခြင်းကြောင့် ဖြစ်လာရသည့် ဗိုလ်ချုပ်ကြီး၏ ဒေါသကို အတိုက်အခံခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျ၊ ကိုဂျင်မီတို့ ခံစားခဲ့ကြရ သည်။ သတင်းရင်းမြစ်များ၏ အဆိုအရ လွန်ခဲ့သည့်နှစ်အတွင်းက ဗိုလ်ချုပ်သန်းရွှေက အရာရှိအချို့ကို တာဝန်ပေး၍ ထိန်းသိမ်းထားသည့် လှုပ်ရှားသူ ခေါင်းဆောင်များကို ၂၀၁၀ ရွေးကောက်ပွဲနှင့် မေလတွင် ကျင်းပခဲ့သည့် ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ တီးခေါက်စုံစမ်းစေခဲ့သည်ဟု ဆိုသည်။ အများစုက စစ်အစိုးရ အဆိုပြုထားသည့် ကိစ္စ ၂ ခုစလုံးကို ပယ်ချခဲ့ ကြသည်။

စစ်အစိုးရကို ဆန့်ကျင်နေကြသူများက ယခုလို နှိပ်ကွပ်နှိမ်နင်းနေမှုများ ဆက်လက်မြင့်မားလာဖွယ် ရှိသည်ဟု မြင်နေ ကြသည်။ သူတို့က စစ်အစိုးရတွင် ဖမ်းဆီးထိန်းသိမ်းရမည့်သူများကို စာရင်းပြုစုထားရှိပြီး ဖြစ်သည်ဟု ဆိုကြသည်။ ဤသို့ ဖမ်းဆီးခံရမည့်သူများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များလည်း အပါအ၀င် ဖြစ်သည်။ ဗိုလ်ချုပ်သန်းရွှေ က အတိုက်အခံဟူသမျှကို ၂၀၁၀ ရွေးကောက်ပွဲကျင်းပသည့်အချိန်တွင် အိမ်အကျယ်ချုပ်သော်လည်းကောင်း၊ ထောင် တွင်းသော်လည်းကောင်း ထား၍ အကျဉ်းချထားလိုသည်။

အတိုက်အခံများကို ထောင်သွင်းထားရုံမျှဖြင့် မကျေနပ်နိုင်ပါ။ ဗိုလ်ချုပ်သန်းရွှေက စိတ်ဓါတ်စစ်ဆင်ရေးနည်းဖြင့် စိတ်ဓါတ် ကျိုးကြေပျက်သုဉ်းအောင် ဆောင်ရွက်လိုပုံလည်း ရသည်။ ဖမ်းဆီးထားသည့် အတိုက်အခံအများစုကို အင်းစိန်ထောင် အတွင်း ခုံရုံးတင်စီစဉ်ခဲ့သော်လည်း သူတို့ကို ထောင်ချပြီးသည်နှင့် ဝေးလံခေါင်သီသည့် ထောင်များသို့ ခွဲ၍ ပို့ခဲ့သည်။ သူတို့၏ မိသားစုများ၊ မိတ်ဆွေများနှင့် ဝေးရာသို့ နှင်စေခဲ့သည်။

ဤသို့ အတိုက်အခံခေါင်းဆောင်များကို ထောင်ချပြီး အထီးကျန်ဖြစ်စေရန် ဝေးလံသည့် ဒေသများသို့ ပို့ခဲ့သည့် ရက်စက် လွန်းလှသော အမိန့်မှာ ယခင်က တပ်မတော် စိတ်ဓါတ်စစ်ဆင်ရေး အရာရှိဟောင်းတဦး ဖြစ်သူ ဗိုလ်ချုပ်သန်းရွှေနှင့် သူ နှင့်နီးစပ်သော ခေါင်းမာဂိုဏ်းသား ၀န်ကြီးများထံမှ လာသည်ဟု ဆိုကြခြင်းမှာ ဖြစ်တန်ရာ ရှိပါသည်။ စစ်အစိုးရ၏ သတင်း ရင်းမြစ်များက ပြောကြရာတွင် နောက်ထပ်ဖမ်းခံရရန် ရှိသည့် နိုင်ငံရေးအတိုက်အခံများစရင်းနှင့်အတူ သူတို့ကို မည်သည့် ထောင်သို့ ပို့လွှတ်ချုပ်နှောင်ရမည်ကိုပါ ဖော်ပြထားသည်ဟု ဆိုကြပါသည်။

သို့သော် ကန့်လန့်နိုင်လှသည့် အဖြစ်မှာ အတိုက်အခံများကို ရက်စက်ကြမ်းကြုတ်စွာ ချေမှုန်းခြင်းအားဖြင့် ဗိုလ်ချုပ်သန်း ရွှေက မြန်မာပြည်သတင်း ကမ္ဘာက အရေးစိုက်လာအောင် ပြုခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ အဖြစ်အပျက်များက သတင်း ဌာနများက အာရုံစိုက်မခံရသည်မှာ၊ တိတ်ဆိတ်နေခဲ့သည်မှာ အတန်ကြာမြင့်နေခဲ့ပြီးမှ ယခုသတင်းများ ပေါ်ပေါက်လာ ခြင်း ဖြစ်သည်။ ယခုတကြိမ်တွင်လည်း အနောက်နိုင်ငံများက မြန်မာစစ်အစိုးရကို ပြစ်တင်ဝေဖန်သံများနှင့် ကြွက်ကြွက်ညံ နေခဲ့ပြန်သည်။

သို့သော်လည်း ဤသို့ အာရုံစိုက်ခံရမှုက နေပြည်တော်အပေါ်တွင် ကြာကြာဝဲမနေနိုင်ကြောင်း ဗိုလ်ချုပ်သန်းရွှေက ကောင်း ကောင်း သိထားပါသည်။ နိုင်ငံတကာရှိ ခေါင်းဆောင်များက မြန်မာနိုင်ငံ၏ ရှေ့မတိုးနောက်မဆုတ်သာ နိုင်ငံရေးအခြေ အနေအပေါ် စိတ်ကုန်လက်ကုန်ဖြစ်နေကြကြောင်း သူက သိထားပါသည်။

အချို့သော ပညာအိုးကွဲများက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ရွေးကောက်ပွဲ မရှိသည်ထက်စာလျှင် တခုခုရှိသည်က ကောင်း သည်ဟု ပြောဆိုထောက်ခံမည့်သူများ ရှိနေကြောင်းလည်း သူက ကောင်းကောင်းသိထားပါသည်။

၂၀၁၀ ရွေးကောက်ပွဲက မုချကျင်းပဖြစ်လိမ့်မည် ဖြစ်သည်ဟု အနောက်တိုင်သံတမာန်တဦးက မိမိကို မကြာသေးမီက ပြောပါသည်။ မေလက ကျင်းပခဲ့သည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကဲ့သို့ပင် ဗိုလ်ချုပ်သန်းရွှေ အလိုကျ ၎င်း၏ အလိုတော်ရိ များနှင့် နီးစပ်သူများ အနိုင်ရလေအောင် မဲလိမ်မဲညစ်ကြဦးမည် ဖြစ်သည်။

အတိုက်အခံများနှင့် အနောက်နိုင်ငံများက လာမည့် ၂၀၁၀ ရွေးကောက်ပွဲရလဒ်ကို လက်ခံကြမည် မဟုတ်သည်ကို ဗိုလ်ချုပ်သန်းရွှေက တွက်ဆထားမိပါသည်။ သို့သော်လည်း စစ်အစိုးရကို ထောက်ခံပြောဆိုမည့်သူများ၊ အခွင့်ကောင်း စောင့်နေသူများ၊ မြန်မာ့အရေး စောင့်ကြည့်လေ့လာနေသူများ၊ တက်ကြွလှုပ်ရှားသူများနှင့် အချို့သော မသဲကွဲေ၀၀ါးနေ သည့် အစိုးရမူဝါဒချမှတ်သူများ ၀ါရှင်တန်၊ ဘရပ်ဆယ်နှင့် ဘန်ကောက်တွင် တွေ့ဆုံညှိနှိုင်းနေကြကြောင်းလည်း သူက သတိပြုမိနေပါသည်။ ဤဆွေးနွေးပွဲများတွင် ၂၀၁၀ ရွေးကောက်ပွဲ အကြောင်းအရာကို အလေးထားစဉ်းစားနေကြပါ သည်။

အချို့သော ပညာအိုးကွဲဆိုသူများက စစ်အစိုးရနှင့် ဒီမိုကရေစီအရေး လှုပ်ရှားမှု၊ ဖိနှိပ်သူနှင့် ဖိနှိပ်ခံရသူကို ခွဲခြားမမြင်မိ ကြတော့ကြောင်းကိုလည်း ဗိုလ်ချုပ်သန်းရွှေက ကောင်းစွာ သတိပြုမိလိမ့်မည် ဖြစ်သည်။

ထို့အပြင် ပြည်ပရှိ အတိုက်အခံလှုပ်ရှားမှုက မညီညွတ်နိုင် အကွဲကွဲအပြားပြား ဖြစ်နေကြသည်ကိုလည်း ဗိုလ်ချုပ်သန်းရွှေ က သိထားနိုင်သည်။ နိုင်ငံရပ်ခြား ရန်ပုံငွေများအပေါ် မှီခိုနေကြရပြီး တခါတရံ ပိုက်ဆံပြတ်၍ နေကြသည်ကိုလည်း သိ ထားနိုင်သည်။ ထိုမျှမက တိုင်းရင်းသားအပစ်အခတ်ရပ်စဲရေး အဖွဲ့များနှင့် အပစ်မရပ်သေးသည့် တိုင်းရင်းသားလက်နက် ကိုင်တပ်များလည်း ချိနဲ့အားနည်းနေပြီး မဟာဗျူဟာ မရှိကြကြောင်း သူသိထားနိုင်သေးသည်။

ဗိုလ်ချုပ်သန်းရွှေနှင့် သူ၏စစ်အစိုးရက အခြားတဖက်တွင်လည်း သဘာဝဓါတ်ငွေ့ရောင်းချရငွေများဖြင့် ထပ်မံကြွယ်ဝဖို့ ရှိ နေသေးသည်။ ရရှိလာသည့်ဝင်ငွေများနှင့် တရုတ်နှင့် ရုရှားနိုင်ငံများထံမှ လက်နက်များ ထပ်မံတိုးတက်၍ ၀ယ်ယူဖြည့် တင်းနိုင်သေးသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းများက မဝေဖန် မစောကြောဘဲ ထောက်ခံပံ့ပိုးပေးနေသမျှ ဗိုလ်ချုပ်သန်းရွှေ အနေနှင့် သူ၏အာဏာကို ပြိုင်မည့်သူမရှိဟုလည်း ဘ၀င်ရောက်နေနိုင်သေးသည်။

ဤအခြေအနေတွင် ကုလသမဂ္ဂက မည်သို့ရပ်တည်နေပါသနည်း။ ဗိုလ်ချုပ်သန်းရွှေက ယခုအချိန်သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းလာရောက် လည်ပတ်ရန်အတွက် အခြေခံကိစ္စများ ပြင်ဆင်ရမည့်အချိန်ဟု လည်း သိထားပါသည်။ သို့သော်လည်း သူက ယခုအချိန်တိုင် ကုလသမဂ္ဂအကြီးအကဲ လာရောက်မည့်ကိစ္စကို နည်းနည်း မျှ စိတ်ဝင်စားဟန် မပြသေးပါ။

ဘန်ကီမွန်းအနေနှင့် အကယ်၍ မြန်မာနိုင်ငံသို့ ရောက်လာခဲ့ပါက မျှော်လင့်ထားနိုင်သည်မှာ မြန်မာနိုင်ငံ၏ ရှုပ်ထွေးရှည် လျားလှသည့် သမိုင်းကြောင်း ပို့ချချက်ကို ကြားရနိုင်သည်။ ပြင်ဆင်ထားသည့် ရွေးကောက်ပွဲကိစ္စ၊ တိုင်းရင်းသားအရေး ကိစ္စနှင့် မညီညွတ်ဖြစ်နေရမှုများကို ကြားရနိုင်ပါသည်။ စစ်တပ်က ဤသို့အနေအထားကြောင့် မဖြစ်မနေ ဗဟိုမဏ္ဍိုင်နေရာ ကို ယူထားရကြောင်း ရှင်းပြချက်များလည်း သေချာကြားရလိမ့်မည် ဖြစ်ပါသည်။ အကယ်၍ ဘန်ကီမွန်းက ရှည်လျားလှ သည့် တကိုယ်တော်မိန့်ခွန်းကို နားထောင်ရန် ပြင်ဆင်ထားပါက၊ သူတို့အလိုကျ လိုက်မည်ဆိုပါက ဗိုလ်ချုပ်သန်းရွှေ၏ အထူးဧည့်သည်တော်အနေနှင့် နေပြည်တော်သို့ ဖိတ်ကြားမည်မှာ မုချဖြစ်သည်။

မကြာသေးမီက ထူးထူးဆန်းဆန်း ဗိုလ်ချုပ်သန်းရွှေက ကုလသမဂ္ဂ အထူးသံကိုယ်စားလှယ် အီဗရာဟင် ဂမ်ဘာရီကို မြန်မာပြည်သို့ ဖိတ်ခေါ်ခဲ့ပြန်သည်။ သို့သော်လည်း သံတမာန်ရပ်ကွက်များ အဆိုအရ မစ္စတာဂမ်ဘာရီက သူ၏ ရာထူး တာဝန်မှ အနားယူရန် တိတ်တဆိတ်စဉ်းစားနေသည်ဟု ဆိုသည်။ ဤသတင်းနှင့်ပတ်သက်၍ သေချာတိကျသည့်အတည် ပြုချက်များ မရရှိသေးပါ။

ကုလသမဂ္ဂက မစ္စတာဂမ်ဘာရီနေရာကို အစားထိုးနိုင်မည့် အခြားသံတမာန်တဦးကို အရှေ့တောင်အာရှ နိုင်ငံများဆီမှ ရှာဖွေကောင်း ရှာဖွေနေနိုင်ပါသည်။ ဗိုလ်ချုပ်သန်းရွှေက တွက်ထားသည်မှာ မစ္စတာဂမ်ဘာရီက မြန်မာနိုင်ငံသို့ လာလည် သည့် အကြိမ်ရေများလေလေ၊ အထူးသံ၏ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ တန်ဖိုးပိုကြီးကြီး ပေးရလေ ဖြစ်ပါသည်။

သူ့အတွက် အချိန်သိပ်မကျန်တော့ကြောင်း သိထားသည်နှင့်အညီ အသက်အရွယ် အိုမင်းမစွမ်းရှိနေပြီဖြစ်သည့် ဗိုလ်ချုပ် သန်းရွှေက ထက်မြက်ဆဲဖြစ်နေနိုင်သော်လည်း ပို၍ စိတ်သောကရောက်နေနိုင်သည်။ စိုးရိမ်ကြောက်ရွံ့စိတ်များလည်း လွန် လွန်ကဲကဲ ရှိနေနိုင်သည်။ သူက နိုင်ငံတော်ကို အုပ်ချုပ်နေသည့်ပုံကို သဘောမတွေ့ကျသည့် ဂဏှာမငြိမ်ဖြစ်နေကြသော အချို့ စစ်ဗိုလ်များ ရှိနေကြောင်းလည်း သူက သိထားပါသည်။ အတိတ်က သူဖြုတ်ထုတ်ရှင်း လုပ်ထားသည့်ကိစ္စများက ယခုတိုင် သူ့ကိုခြောက်လှန့်နေဆဲ ရှိနိုင်ပါသည်။ ဖြစ်နိုင်သည်မှာ အိပ်မပျော်သောညများပင် ရှည်ရှည်လျားလျား ရှိနေနိုင်ပါ သေးသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က ဗိုလ်ချုပ်သန်းရွှေကို ဆေးစစ်ခွင့် ရခဲ့သည့် စင်္ကာပူဆရာဝန်များ၏ ရောဂါဖော်ချက်ကို သိရ မည်ဆိုပါက အမှန်တကယ် စိတ်ဝင်စားဖွယ်ပင် ဖြစ်ပါသည်။ အတည်မပြုနိုင်သောသတင်းများအရ တုနှိုင်းမရှိ ခေါင်းဆောင် ကြီးတွင် ကင်ဆာနှင့် သွေးတိုးရောဂါ ခံစားနေရသည်ဟု ဆိုကြပါသည်။ သို့သော် လောင်းကြေးစားကြေး ပြောလိုက်ချင် သော ကိစ္စရှိပါသေးသည်။ စင်္ကာပူဆရာဝန်များ ထုတ်ဖော်ပြောရန် မ၀ံ့ဖြစ်နေရသည့် ကိစ္စမှာ ဗိုလ်ချုပ်သန်းရွှေအနေနှင့် ရူးသွပ်နေသည်ဟူသည့် အချက်ပင် ဖြစ်ပါတော့သည်။
ဧရာဝတီ-အောင်ဇော်

ဗိုလ်ချုပ်များ ရာထူးတက်ပြန်ပြီ

မြန်မာ စစ်အစိုးရ စစ်တပ်၏ အဆင့်မြင့် အရာရှိများ အတွင်း ရာထူး တိုးမြှင့် ပေးခြင်းများ ပြုလုပ်နေမှုသည် လာမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ အတွက် နိုင်ငံရေးအရ ပြင်ဆင်မှု ပြုလုပ် နေခြင်း ဖြစ်ကြောင်း လေ့လာသူများက ပြောသည်။

ပြည်တွင်း ပြည်ပ အခြေစိုက် စစ်ရေး လေ့လာသူများက ယင်းသို့ ဒုဗိုလ်ချုပ်ကြီး အဆင့် ရာထူးတိုးမြှင့်လိုက်သူ အနည်းဆုံး ဗိုလ်ချုပ် ၃ ဦး ရှိသည်ဟု ဆိုသည်။

ယခင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်ရှိန်ကို အသစ်ဖွဲ့စည်းထားသည့် ဌာနဖြစ်သော တပ်မတော် စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း၊ ရေ၊ လေ) ရာထူး အသစ်သို့ တိုးမြှင့် ပေးအပ်လိုက်သည်ဟု စစ်ရေး လေ့လာသူများက ပြောသည်။

ထို့အပြင် အမှတ် (၃) စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) ဗိုလ်ချုပ် ခင်ဇော်၊ အမှတ် (၄) စစ်ဆင်ရေး အထူး အဖွဲ့မှူး (ကစထမှူး) ဗိုလ်ချုပ် သာအေးနှင့် စစ်ရေးချုပ် ဗိုလ်ချုပ် သူရမြင့်အောင်တို့ကို ဒု ဗိုလ်ချုပ်ကြီးများ အဆင့်သို့ ရာထူးတိုးမြှင့် ပေးအပ်လိုက် ကြောင်းလည်း သိရသည်။

“သူတို့ တပ်တွေမှာ ရာထူးတွေ ခန့်အပ်တယ် ဆိုတာက ထိုက်တန် လျှော်ညီတဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်ဆိုတာ ရှိထားပြီးသား၊ အခုက ဒုဗိုလ်ချုပ်ကြီးတွေ ခန့်တာ များလာပြီဆိုတော့ ဌာနတွေကို တိုးချဲ့ပေးထားတဲ့ သဘောမျိုးရှိလို့ ဒီလို ခန့်တာလို့ ကျနော်ထင်တယ်၊ ဖွဲ့စည်းပုံတွေ တိုးချဲ့လာတဲ့ သဘောပေါ့”ဟု ပြည်ပ အခြေစိုက် စစ်ရေးလေ့လာသူ ဦးဌေးအောင်ကလည်း ပြောသည်။

အဆိုပါ ကစထမှူး ဌာနမှာ ၅ ခုရှိပြီး ၄ ခုသည် ၂၀၀၁ ခုနှစ်က စတင်ဖွဲ့စည်း ခဲ့ခြင်း ဖြစ်ကြောင်း၊ ကစထမှူးများ၏ လုပ်ငန်းတာဝန်သည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးများနှင့် သက်ဆိုင်သည်များကို ကြီးကြပ်ရန် ဖြစ်ကြောင်း သိရသည်။

လေ့လာသူများကမူ ထိုသို့ ကစထမှူးများ ထားရှိခြင်းသည် စစ်တပ်အတွင်း ရှုပ်ထွေးဖွယ်ရာ ဖြစ်ကြောင်း သုံးသပ် ကြသည်။

အမှတ် (၅) စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) ရန်ကုန်တိုင်း နေရာကို ၂၀၀၆ ခုနှစ်မှ စတင်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လူယုံဟုဆိုသော ယခင် ရန်ကုန်တိုင်း တိုင်းမှူး ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေက ကွပ်ကဲနေကြောင်း သတင်းများအရ သိရသည်။

တချိန်တည်းတွင်ပင် ဒီဇင်ဘာ ၁၂ ရက်နေ့က မေမြို့ စစ်တက္ကသိုလ် အမှတ်စဉ် (၅၁) ဗိုလ်လောင်း သင်တန်း ဆင်းပွဲတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း ဗိုလ်လောင်းများ အနေနှင့် စစ်ရေးအမြင်၊ နိုင်ငံရေး အမြင်၊ စီးပွားရေး အမြင်၊ အုပ်ချုပ်ရေး အမြင်များကို လေ့လာ ဆည်းပူးကြရန် ၎င်း၏ မိန့်ခွန်း၌ ထည့်သွင်း ပြောကြားသည်။

“နိုင်ငံတော်ရဲ့ ရှေ့ဆက်သွားမယ့် မူဝါဒ လမ်းစဉ် (၇) ရပ်ရဲ့ စတုတ္ထ အဆင့်ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းကို ၂၀၀၈ ခုနှစ် မေလမှာ ပြည်သူလူထု တရပ်လုံးက တခဲနက် ထောက်ခံ အတည်ပြုပေးခဲ့ပြီး ဖြစ်တယ်၊ ဆက်လက်ပြီး ပဉ္စမအဆင့် ဖြစ်တဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ များကိုလည်း ၂၀၁၀ ပြည့်နှစ်မှာ ကျင်းပပေးပြီး နိုင်ငံတော် အာဏာလွှဲပြောင်းရေးကို ဆက်လက် ဆောင်ရွက်နိုင်တော့မှာ ဖြစ်ကြောင်း ပြောကြားလိုတယ်” ဟုလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောဆိုထားသည်ကို ဒီဇင်ဘာ ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ယင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၁၉၈၈ ခုနှစ်က အာဏာသိမ်း စစ်အစိုးရအဖွဲ့ဖြစ်သော နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (န၀တ) တွင် စတင်ပါဝင်ခဲ့သူ ဖြစ်ပြီး ၁၉၉၇ ခုနှစ်၌ န၀တကို နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) အဖြစ် ပြောင်းလဲ၍ နိုင်ငံ့အာဏာကို ဆက်လက် ချုပ်ကိုင်ထားသူ ဖြစ်သည်။
ဧရာဝတီ-ကိုစိုး

Wednesday, December 17, 2008

မြတ်ကေသီအောင်ရဲ့ ဒုက္ခ


ရုပ်ရှင်သရုပ်ဆောင်မြတ်ကေသီအောင်ဟာအိမ်ထောင်ရေးကံမကောင်လို့ရုပ်ရှင်ဆက်မရိုက်တော့ဘဲအနားရူနေ
တယ်လို့သိရပါတယ်။ဒါပေမယ့် အလိုက်ကမ်းဆိုးမသိတဲ့ စစ်ကောင်စီရဲ့  လက်ကိုက်ဒုတ်တစ်ခုဖြစ်တဲ့ မြန်မာ့
ရုပ်ရှင်အစည်ရုံးက ၂၀၁၀ ရွေးကောက်ပွဲ ပေါ်လစီ ဇတ်လမ်းတစ်ခုရိုက်ဖို့ အတင်းအကျပ်ကမ်းလှမ်းနေတယ်လို့
သူနဲ့နီးစပ်တဲ့သူတစ်ယောက်ကဆိုပါတယ်။မမြတ်ကေသီအောင်ကတော့ ဘာမှပြန်မပြောသေးဘူးလို့လည်း သူကပြောပါတယ်။
နေ့ဆိုး(အင်းယား)

Tuesday, December 16, 2008

စာပေကဏ္ဍ

Monday, December 15, 2008

မြန်မာအပေါ် ထိုင်းရဲ့ သဘောထား

ထိုင်းဝန်ကြီးချုပ်သစ်ဖြစ်လာမယ့် အာဘီဆစ်က အကယ်၍သာ သူအစိုးရအဖွဲ့ကို ဦးဆောင်ရလျှင်
မြန်မာနိုင်ငံပေါ် ထားရှိသော ပေါ်လစီသည် လက်ရှိအစိုးရနှင့်တူမည်မဟုတ်တော့ဟု ပြောကြားခဲ့သည်ဟု ပါဝင်တက်ရောက်ခဲ့သူ တဦးဖြစ်သော ဦးညိုအုန်းမြင့်က မဇ္ဈိမသို့ ပြောသည်။

ဘန်ကောက်မှ Concert


MTV Exit held an awareness building live concert " End Exploitation and Trafficking" at Siam Paragon in Bangkok on December 14. Myanmar popular singers, Phyu Phyu Kyaw Theing, Saw Phoe Quar, Rapper Yatha and Kyat Pha also joined this Concert together with Thai Popular music bands and the Click Five music band. This concert is holding for the purpose of building more awareness about Human Trafficking between Burmese Mirgant workers and Thai citizens in Thailand.
MTV Exit ကနေပြီး End Exploitation and Trafficking ဆိုတဲ့ Awareness ပေးတဲ့ Campaign Concert ကို ဒီဇင်ဘာ 14 ရက်နေ့က Bangkok မြို့ရှိ နာမည်ကျော် Shopping Center တစ်ခုဖြစ်တဲ့ Siam Paragon ဘေးက Parc Paragon မှာကျင်းပခဲ့တာပါ။ မြန်မာ နာမည်ကျော် အမျိုးသမီး Rocker ဖြူဖြူကျော်သိန်း၊ အမျိုးသား Rocker စောဖိုးခွါး၊ Rapper ရသ နှင့် ကြက်ဖ တို့ လည်းပါဝင် ဖျော်ဖြေခဲ့ကြတာပါ။ အဆိုတော် ရသ က ဒီလောက်ကြီးကျယ်တဲ့ပွဲမျိုး ဖြစ်လိမ့်မယ်လို့ မထင်ထားပါဘူး .. အခုလို ခမ်းခမ်းနားနားကျင်းပတဲ့ အတွက် တော်တော်ပျော်မိတယ်.. နေရာကတော့ အမိုက်စားပါဘဲ လို့ ပြောပြပါတယ်။ ဘန်ကောက်ရောက် မြန်မာ 100 နီးပါး လာရောက်အားပေးပါတယ်။ မြန်မာတရားမ၀င် ရွှေပြောင်းအလုပ်သမားတွေတော့ ဒီပွဲကို သိပ်မလာနိုင်တာကို တွေ့ရပါတယ်။ ထိုင်း နာမည်ကျော် အဆိုတော်တွေလည်း ဒီပွဲမှာပါဝင်ပါတယ်။
1. BrandNew Sunset
2. Slot Machine
3. Potato
4. Thaitanium အဖွဲ့တို့ပါ။
နာမည်ကျော် အနောက်တိုင်းအဆိုတော်အဖွဲ့ဖြစ်တဲ့ The Click Five လည်းပါဝင်ပါတယ်။ ထိုင်းနိုင်ငံ အမေရိကန် သံအမတ်ကိုယ်တိုင် တက်ရောက်အားပေးခဲ့ တာကိုတွေ့ရပါတယ်။

Friday, December 12, 2008

ဂီတရင်ရှုပ်

အကောင်းဆုံးလုပ်ရပ်


မြန်မာအာဏာပိုင်တို့ ပိုင်ဆိုင်သော ဗန္ဒုလ(ပါရမီ) အဲ ..ဦးပိုင်ကုမ္မဏီမှ ၁၇၉ လိုင်းကား ကတော့ သူတို့ ချထားသောစည်းကမ်းတွေကို အခုလိုပုံပါအတိုင်း သိသိသာသာ ချိုးဖောက်လိုက်ပါတယ်၊သူတိုက်လိုက်တဲ နေရာကတော့ ယာဉ်တိုက်မှု့ ကင်းမဲ့ဇုံ လို့သတ်မှတ်ထားတဲ မြို့ ထဲမှာပါ။တိုက်လိုက်တဲ့ တိုင်လေးကတော့....

ကိုလေးဖြူရဲ့  နာဂစ်ရန်ပုံငွေ စီရီးအသစ်ထွက်

ကိုလေးဖြူရဲ့  (၁၃)ကြိမ်မြောက်တေးအယ်(လ)ဘမ်သစ် ဘင်္ဂလားပင်လယ်အော်တေးစီရီးထွက်ပြီလို့သိရပါတယ်
တစ်ခွေ(၂၅၀၀)ဖြင့်ရောင်းချနေပြီလို့သိရပါတယ်။
လေးဖြူ ရဲ့ နောက်ထွက်မယ့် ဘင်္ဂလားပင်လယ်အော် အခွေမှ sample သီချင်း နှစ်ပုဒ်
၁။ Track 1 - ကမ္ဘာကြီးအလှဆင် ၂။ Track 2 - ဒဏ္ဍာရီကျွန်း ၂ပုဒ်ပါဝင်ပါတယ်၊၊
လင်းလင်းက (၅)ပုဒ်၊ မောင်မောင်ဇော်လတ်က (၅)ပုဒ်၊
နောနော်(၂)ပုဒ်နဲ့ ရယ်ဂျီ(၁)ပုဒ် ရေးထားပါတယ်။


ငါ့ရဲ့လမင်း (Track 2)
(ရေး - ရယ်ဂျီ)

အရှုံးတွေထဲငါလဲပြိုရင်း အတိတ်တို့ထဲငါ ပျောက်ဆုံးချိန်
မြင်နိုင်တယ် ငါ့အနာဂတ်တို့ မှေးမှိန် ငါဟာ ကျဆုံးချိန်
ငါ့ရဲ့နံဘေးကို မင်းဝင်လာပြီး လဲပြိုကျသူ ငါ့ကို ထူပြီး
အဆီအငေါ်မတည့်တဲ့ ငါ့ရဲ့စကားတွေ
နင်ဟာခွင့်လွှတ်သည်းခံရင်း

တန်ဖိုးများမရှိတော့ဘူးလို့ ငါ ထင်နေတဲ့ဘဝ
မင်းရဲ့လက်မှာ ငါ တစ်ခါ ပြန်လည်ကာ အသက်ဝင်တောက်ပ
ဝိုး.. ၀ိုး.. နင်ဟာ အရှုံးတွေထဲမှာ မျောနေခဲ့သူ ငါ့ကိုဆယ်ရင်း
ပျော်ရွှင်ခြင်းကို ငါ့ရင်ဘတ်မှာ တံဆိပ်လိုကပ်ရင်း
နင်ဟာ ငါ့အတွက်တော့ နင်ဟာ ငါ့အတွက်တော့ ငွေလမင်း..

ငါ့အိပ်မက်တွေ ခြောက်ကပ်ရင်း
လမ်းတွေတိုင်းဟာ ပျောက်ဆုံးချိန်
ဒါတွေ မရှိတော့ပါ နင် ဖန်ဆင်းတဲ့ ငါ့ဘ၀မှာ
အားငယ်စိတ်တွေ မရှိဘူး ဘ၀ရဲ့ပန်းတိုင် ငါတွေ့ပြီ
နင်ဟာ လမ်းပြတယ်.. နင်ဟာ ငါ့ရဲ့နတ်သမီး

Monday, December 8, 2008

တရုတ်တွေလည်း မခံနိုင်တော့ဘူးဗျို့ 


တရုတ်ပြည်မှာလည်း စည်းပွားရေးကျဆင်းမှုကြောင့် ဆန္ဒပြမှုတွေ ပေါ်ပေါက်နေပါတယ်။အခုဆိုရင် အလုပ်လက်မဲ့ ၁၂သန်းကျော်ရှိနေပြီး နောက်ထပ်ထပ်မံတိုးလာနိုင်တယ်လို့ ဘေဂျင်းမြို့ Central Party School က သုသေသန အရာရှိ လျှူတန်ယောင် က China Economic Times သတင်းစာမှာ ရေးသားထားပါတယ်။
တရုတ်ပြည်ရဲ့ နှစ်စဉ် ပြည်တွင်းထုတ်ကုန်ပမာဏဟာ ဒုတိယနှစ်ဝက်မှာ ၁၀.၁ ရာခိုင်နှုန်းရှိပြီး၊ တတိယနှစ်ဝက်မှာ ၉ ရာခိုင်နှုန်းကို ထိုးကျသွားခဲ့ပါတယ်။ စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ချို့ရဲ့ ခန့်မှန်းချက်အရ နောက်နှစ်ဆိုလျှင် တရုတ်ပြည်ရဲ့ ပြည်တွင်းထုတ်ကုန်ပမဏဟာ ၇.၅ ရာခိုင်နှုန်းအထိ ထိုးကျသွားနိုင်တယ်လို့ ဆိုပါတယ်။ တရုတ်အစိုးရ ကတော့ အစီအစဉ်တွေချမှတ်ပြီး၊ စီးပွားရေးကို အရှိန်အဟုတ်မြင့်မြင့် နဲ့ ပြန်လည်ဦးမော့လာစေဖို့အတွက် အတိုးနှုန်းတွေကို ဖြတ်တောက်ပစ်လိုက်ပါတယ်။
တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနဲ့၊ ပြုပြင်ပြောင်းလဲရေးကော်မရှင်ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဇန်ပင် က “ကမ္ဘာ့စီးပွားရေးပျက်ကပ် တရုတ်ပြည်အပေါ် ရိုက်ခတ်မှုဟာ ပြင်းထန်တယ်” လို့ ဆိုပါတယ်။ ကုန်ထုတ်လုပ်မှု ပြတ်တောက် သွားခြင်းဟာ အလုပ်လက်မဲ့နှုန်းကို များလာစေပြီး၊ ဆန္ဒပြမှုကို ဖြစ်စေတယ်” လို့ ၎င်းက ဆိုပါတယ်။

Sunday, December 7, 2008

နေတိုး နဲ့ ပါကစ္စတန်တို့ ......

အာဖဂန်နစ္စတန် နိုင်ငံမှာ နေတိုးနဲ့ အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့များအတွက် ရိက္ခာတင်ဆောင် သွားတဲ့ စစ်မော်တော်ယာဉ် အစီး ၁၀၀ ကျော်ကို သူပုန်တို့ တိုက်ခိုက်လို့ လှိုင်ခေါင်းအတွင်း မီးလောင် ပျက်စီးသွားကြောင်း ပါကစ္စတန် ရဲက ဆိုပါတယ်။ ပါကစ္စတန် အနောက်မြောက်ပိုင်း ပက်ရှဖာ မြို့အနီးက လှိုင်းခေါင်းကို ဒီနေ့ အာရုံတက် မတိုင်ခင်မှာ သူပုန်တွေက ရော့ကက် သေနတ် လက်နက်တွေ၊ လက်ပစ် ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ပိတ်မိပြီး မီးလောင်သွားတာလို့ ပါကစ္စတန် ရဲက ရှင်းပြပါတယ်။

လက်နက်ကိုင် သူပုန် ၃၀၀လောက်က မော်တော်ယာဉ် အစင်း ၁၀၆စီး အားလုံးကို မီးရှို့ ဖျက်ဆီးလိုက်တယ်လို့ ဂိတ် မန်နေဂျာတဦးက ဗွီအိုအေ ကို ပြောပြပါတယ်။ အဲဒီလို ဖျက်ဆီးခံခဲ့ရပေမယ့် တာလီဘန် သူပုန်တို့ အပေါ် တိုက်ခိုက်မှုကို မဆိုစလောက်သာ ထိခိုက်စေလိမ့်မယ်လို့ အမေရိကန်ဘက်က ကြေညာပါတယ်။
သတင်းအဆက် click

Saturday, December 6, 2008

မြန်မာဘလော်ကာတို့ကြိုးစားမှု့.

ဒီနေရာလေးမှာနှိပ်လိုက်ပါ RFA

Friday, December 5, 2008

မသေသော နာမည် (၁)


ဆက်လက်ကြည်ရှု့ နိုင်ရင် click

Wednesday, December 3, 2008

မြန်မာပြည်က လက်ကိုင်ဖုန်း

မော်လမြိုင်မှ အာဏာပိုင်တို့လုပ်ရပ်

မော်လမြိုင်ဈေးမီးလောင်



မော်လမြိုင်မြို့ မှာမနေ့ညနေ(၅)နာရီခွဲလောက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်တဲ့။(၅)မိနစ်သာမောင်းလာယုံနဲ့ ရောက်နိုင်တဲ့ မော်လမြိုင်မီးသတ်ကားတွေကတော့ ထုံးစံအတိုင်းနောက်ကျခဲ့ပါတယ်တဲ့ မြို့ ခံတစ်ယောက်က ရင်ဖွင့်ချပြန်ပါတယ်။မီးသတ်ကားသုံးစီးနဲ့ မလုံလောက်တဲ့အတွက် တဈေးလုံး ပြာဖြစ်ခဲ့ရတယ်လို့လည်းဆိုပါတယ်။ ည(၈)နာရီကျော်မှ မီးညွန့်ကျိုးသွားတယ်လို့ဆိုပါတယ်။မြန်မာပြည်ရဲ့  ထုံးစံကို မပါယ်နိုင်သော မြိုခံဒေသရဲ့  ရေကားတွေနဲ့ မီးငြိမ်းခဲ့ရတယ်လို့ဆိုပါတယ်။သံဃာတော်များက ကူညီပြီး မီးသတ်ပေးပါတယ်။ ဒီလိုဘဲ သံဃာတော်တွေ ရှေ့ ကနေ ကူညီပေးခဲ့တာပါ။ နောက်တော့ ကြံဖွတ်နဲ့ ကိုစွမ်းအားတို့ ရောက်လာပြီး နာမည်ဝင်ယူကြတော့တာပေါ့။ကျွန်တော်တို့ငြိမ်းလို့ မီးငြိမ်းသွားပါပြီပေါ့...အားလုံးလည်းကုန်သွားပါပြီ။ တစ်ချို့  ဆိုင်တွေကလည်း ပစ္စည်းတွေယူလို့ မှီသလို တချို့ ဆိုင်တွေကတော့ပြာပုံပဲ ကျန်တာတွေ့ခဲ့ရတယ်။ ကုန်ပစ္စည်းဒီုင်တွေများတော့ ဆုံးရှုံးမှု့ တော်တော်များတယ်လို့ သိရပါတယ်။ သထုံတံတားလမ်းနေ မြိတ်တံတားလမ်း တောင်ပေါ်တန်း အဆင်းအထိ အောက်ဈေးတခုလုံး ကုန်သွားပါတယ်။ (ဖက်)တန်းဖက်ကိုတော့ မီးမကူးခဲ့ဘူးလို့သိရပါတယ်။ဒီလို ဆုံးရှုံးမှုတွေအတွက် န အ ဖ ဘာတွေဆက်ပြီးလိမ်မယ်၊ သတင်းအမှောင်ချမယ်၊ဆုံးရှုံးခဲ့တဲ့ သူတွေကို ဘယ်လိုကူညီပြီး မဆုံးရှုံးသေးတဲ့ သူတွေဆီက ကယ်ဆယ်ရေးအတွက် ဘယ်လောက်အတင်းအကျပ်ငွေကောက်ခံအုံးမယ်၊ကိုကြံဖွံ့ နဲ့ ကိုစွမ်းတို့ ဘယ်လောက်ထိ စားကြဝါးကြမယ်ဆိုတဲ့ သတင်းကိုတော့ နောက်မှဆက်ကြတာပေါ့။
ကန္တာရ

Tuesday, December 2, 2008

ထိုင်းကတစ်ယောက်တော့ သွားပြန်ပြီ....



ထိုင်းဝန်ကြီးချုပ် ဆွန်ချိုင်း ဝေါင်ဆာဝတ် (Somchai Wongsawat) က သူ့ကို နိုင်ငံရေး ၅ နှစ်မလုပ်ရ၊ သူ့ရဲ့နိုင်ငံရေး ပါတီလည်း ဖျက်သိမ်းရမယ်လို့ ထိုင်းနိုင်ငံတော် ဖွဲ့စည်းပုံ ရေးရာ တရားရုံးရဲ့ စီရင်ချက်ကို လက်ခံကြောင်း ဘန်ကောက် အဓိကလေဆိပ်များကို သိမ်းပိုက်ကတည်းက ချင်းမိုင်မြို့မှာ ရုံးထိုင်နေရာက သတင်းထောက်များကို ပြောကြား
ပါတယ်။

ဆွန်ချိုင်း ဝေါင်ဆာဝတ်ရဲ့ ညွန့်ပေါင်းအစိုးရထဲက အဓိကနိုင်ငံရေးပါတီကြီး ၃ ခုမဲမသမာမှုများ ရှိခဲ့ကြောင်း တွေ့ရှိရလို့ ဖျက်သိမ်းရမယ်လို့ ဖွဲ့စည်းပုံရေးရာရုံးက ဒီနေ့ စီရင်ချက်ချလိုက်တာ ဖြစ်ပါတယ်။

မစ္စတာဆွန်ချိုင်း အပါအ၀င် ပြည်သူ့အာဏာပါတီ၊ ချတ်ထိုင်းပါတီနဲ့ မတ်ချီမာ သီပါတရာပါတီ ခေါင်းဆောင်များ နိုင်ငံရေး ၅ နှစ်မလုပ်ရလို့ ရုံးတော်က ပိတ်ပင်လိုက်ပါတယ်။

တရားရုံးစီရင်ချက် ထွက်လာလာခြင်းမှာပဲ အစိုးရပြောခွင့်ရပုဂ္ဂိုလ်က ညွန့်ပေါင်းအစိုးရထဲပါဝင်တဲ့ ၆ ပါတီစလုံးက ပါတီသစ်များနဲ့ ၀န်ကြီးချုပ်လောင်းတယောက် ရွေးချယ်ရေးအတွက် လုပ်ဆောင်နေပြီလို့ ပြောဆိုပါတယ်။

ပီအေဒီ ဒီမိုကရေစီရရှိရေး မဟာမိတ်အဖွဲ့ ခေါင်းဆောင်များက ဘန်ကောက် ၀န်ကြီးချုပ်ရုံးဝင်း သိမ်းပိုက်ထားမှု အဆုံးသတ်လိုက်ပြီ၊ လေဆိပ်သိမ်းပိုက်ထားတာကိုလည်းဗုဒ္ဓဟူးနေ့မနက် ၁၀ နာရီမှာ အဆုံးသတ်မယ်လို့ ကြေညာ ပါတယ်။ လေဆိပ်တာဝန်ခံများကတော့ ခရီးသည်တင်လေယာဉ်ပျံသန်းမှု ဒီဇင်ဘာလ ၁၅ ရက်ထက်စောပြီး
ပြန်မစနိုင်သေးဘူးလို့ ပြောဆိုကြပါတယ်။

အခုလထဲ ချင်းမိုင်မြို့မှာ ကျင်းပဖို့ရှိတဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲကို ရွှေ့ဆိုင်းလိုက်ရပြီး မတ်လကြမှ ကျင်းပတော့မယ်လို့ ဆိုပါတယ်။
VOA News

Thursday, November 27, 2008

အိန္ဒိယနိုင်ငံအတွင်းက ...အကြမ်းဖက်မှု့ 


အိန္ဒိယ နိင်ငံ မန်ဘိုင် မြို့ မှာ စစ်သွေးကြွ အကြမ်းဖက်သမားတို့၏ ဗုးံဖေါက်ခွဲမှု့ နှင့် ပြန်ပေးဆွဲ မှု တွေဖြစ်ပေါ်နေပါတယ်။ မန်ဘိုင်မြို့ဟာ အိန္ဒိယ နိင်ငံအတွက် စီးပွားရေးအရ အဓိကကြတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ နာမည်ကြီးဟိုတယ်တွေဖြစ်တဲ့ အိုဘီရီ ဟိုတယ်၊ တပ်ခ်ျမဟာ ဟော်တယ် တွေ ရှိတဲ့နေရာလည်းဖြစ်ပါတယ်။
အဲဒီနေရာမှာ ဂျူးလူမျိုးတွေအများဆုံးနေထိုင်တယ်လို့လည်းသိရပါတယ်။

အကြမ်းဖက်များနှင့် ရဲများ တိုက်ခိုက်မှုအပြင်းအထန်ဖြစ်ပွားကြပြီး ရဲတပ်ဖွဲ့ ဘက်မှ (၄၀)ကျော်သေဆုံးပြီးအကြမ်းဖက်များဘက်မှ(၃)ဦးသေဆုံးတယ်လို့သိရပါတယ်။ဗုံးဖေါက်ခွဲမှု့ကြောင့် အရပ်သား (၁၃၀)နီးနီးသေဆုံးပြီး (၃၀၀)နီးနီးဒါဏ်ရာရခဲ့တယ်လို့လည်းသိရပါတယ်။ ရဲကွန်မန်ဒို ၂၀၀ခန့်ကိုအခင်းဖြစ်ရာ
နေရာများစီသို့ စေလွတ်လိုက်ပြီလို့ သိရတယ်။

အကြမ်းဖက်တွေဟာ ကမ္ဘာလှ ည့် ခရီးသွား တွေကို တံဆာ ခံအ ဖြစ် ဖမ်းဆီး ထားတယ်လို့ သိရပါတယ်။ အကြမ်းဖက်သမားတွေက အမေရိကန်လူမျိုးများ နဲ့ ဥရောပနိုင်ငံသားများကို ပြစ်မှတ် ထား ပြီး ရှာဖွေ တိုက်ခိုက်ခဲ့တယ်။ အိုဘရိုင်း ဟော်တယ် ကတော့ ဖေါက်ခွဲ မှုကြောင့် ဆိုးဆိုးဝါးဝါး ပျက်ဆီးသွားပါတယ်။ Deccan Mujahideen- အဖွဲ့ က တော့ တိုက်ခိုက်မှု တွေကို သူတို့ လုပ်တာလို့ ဆိုပါတယ်။သူတို့  တိုက်ခိုက်
ရတဲ့ ရည်ရွယ်ချက်ကတော့ အိန္ဒိယ နိင်ငံ ထောင်တွေ မှာ အဖမ်းခံနေရတဲ့ အစ္စလန်ဘာသာရေး အစွန်းရောက် အကြမ်းဖက်သမားတွေကို ပြန်လွတ်ပေး ဖို့ တောင်းဆို ထားပါတယ်။ရဲတပ်ဖွဲ့များ ၏ ကြိုးစားမှု့ကြောင့် ဖမ်းစီးခံထားရသူ (၁၀)ဦးလွတ်မြောက်လာပြီလို့သိရပါတယ်။

အိန္ဒိယပင်လယ်ပြင်မှာတော့ အကြမ်းဖက်တို့၏ သင်္ဘောဟု သံသရရှိဖွယ် သင်္ဘောတစ်ဆင်းကို တွေရှိထားပြီး လည်းကောင်းသင်္ဘောကို စစ်ဆေးမှုများလုပ်နိုင်ပြီလို့ သိရပါတယ်။ အာဏာပိုင်တို့ကတော့ ဒီသင်္ဘောဟာ ပါကစ္စတန်ဘက်မှ လာသော အကြမ်းဖက်တို့၏ သင်္ဘောဟု ဆိုထားပါတယ်။ပါကစ္စတန်နိုင်ငံဘက်မှလည်း ဒီအကြမ်းဖက်မှုကို မိမိတို့ ဘက်မှလည်း အပြင်းအထန်ရှုံ့ ချကြောင်းနှင့် အကြမ်းဖက်များကို နှိနှင်းရန် အဆင်သင့်ရှိကြောင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

ကန္တာရ

ထိုင်းနိုင်ငံမှာတော့.....




ထိုင်း ၀န်ကြီးချုပ် က ဘန်ကောက်နဲ့  ချင်းမိုင်လေဆိပ်တွေကို အရေးပေါ် ကာဗျူး ထုတ်လိုက်ပါတယ်။ ဆန္ဒပြ ပွဲကိုဦးဆောင်နေတဲ့ ခေါင်းဆောင်တွေက အရေးပေါ်အမိန့် ကို ဂရုမစိုက်ဘူး လုပ်စရာရှိတာ ဆက်လုပ်မယ်လို့ ဆိုတယ်။ အခုဆိုရင် ဆန္ဒပြသူတွေက နေရာသုံးခုကိုထိန်းချုပ်ထားပါတယ်။ယနေ့ညမှာ ထိုင်းရဲတပ်ဖွဲ့ က လေဆိပ်ထဲကို ဝင်ရောက်စီးနင်မယ်လို့ သတင်းရတဲ့အတွက် ဆန္ဒပြသူတွေဘက်ကလည်း လုံခြုံရေး အထပ်ထပ်ချထားပြီး စစ်ဆေးနေတယ်လို့သိရတယ်။ ထိုင်းစစ်တပ် ခေါင်းဆောင်ကတော့ ဝန်ကြီးချုပ်ကို ရွေးကောက်ပွဲ အသစ်လုပ်ဖို့ တောင်းဆိုထားတယ်။ဒါကို ဝန်ကြီးချုပ်က လက်မခံဘူးလို့လည်း သိရတယ်။ဆန္ဒပြတဲ့သူတွေကို နှိမ်နင်းဘို့ အစီစဉ်ရှိတယ်လို့သိရတယ်။ထိုင်းစစ်တပ်ကတော့ အာဏာသိမ်းဘို့ အစီစဉ် မရှိဘူးလို့ ပြောနေပါတယ်။ဒါပေမယ့် စစ်တပ်တွေ နှင့် သံချပ်ကာ ကားတွေကိုတော့ တိုးချဲ့  ချထားပါတယ်။လေဆိပ်မှတော့ ခရီးသွားနိုင်ငံခြားသားတွေ သောင်းဂဏန်း ပိတ်မိနေပါတယ်။အခုလို အခြေအနေတွေကြောင့် ထိုင်းနိုင်ငံရဲ့  အဓိကစည်းပွားရေးဖြစ်တဲ့ ခရီးသွားလုပ်များ စိုးရိမ်စရာအခြေအနေဖြစ်နေပြီး တစ်နေ့ ဝင်ငွေ အမေရိကန်ဒေါ်လာ (၇)သန်းခန့် နစ်နာနေရတယ်လို့သိရပါတယ်။ဆန္ဒပြသူတွေကတော အစိုးရသစ် မဖွဲပေးမချင်း သူတို့ရဲ့  အလုပ်တွေကို ဆက်လက် အရှိန်ဟုန်မြှင့် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ကန္တာရ

Wednesday, November 26, 2008

န အ ဖ ဘာတွေကြိုးစားနေလည်း

ဆော်လမွန်
အင်္ဂါနေ့၊ နိုဝင်ဘာလ 25 2008 13:18 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ ရှားရှားပါးပါး ဖြစ်ရပ်တခုအဖြစ် မြန်မာ ပြန်ကြားရေး ဝန်ကြီးဌာန အရာရှိတဦးက တပ်တွင်း အပြောင်းအလဲများကို မကြာမီက တောတွင်းမြို့တော်သစ် နေပြည်တော်တွင် ကျင်းပခဲ့သည့် နောက်ဆုံး ၄ လပတ် အစည်းအဝေးအတွင်း ပြုလုပ်ခဲ့သည်ဟု ယနေ့ အရိပ်အမြွက် ပြောဆိုသည်။

နေပြည်တော်တွင် ကျင်းပခဲ့သည့် နောက်ဆုံး ၄ လပတ် အစည်းအဝေးတွင် တပ်တွင်း အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ကြောင်း အမည်မဖော်လိုသူ အရာရှိတဦးက ပြောဆိုခြင်း ဖြစ်သည်။

"အပြောင်းအလဲတချို့နဲ့ ရာထူးတိုးပေးတာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုလောလောဆယ် ကျနော်တို့ ဘာမှ မပြောနိုင်သေးပါဘူး" ဟု အဆိုပါ အရာရှိက ပြောသည်။

သို့သော် သူက အသေးစိတ် ပြောကြားရန် ငြင်းဆိုသွားခဲ့ပြီး၊ အစိုးရက ဤအပြောင်းအလဲများ၊ ရာထူး အပြောင်းအရွှေ့များကို မကြာမီ ကြေညာမည်ဟု ပြောဆိုသည်။

မြန်မာ စစ်ခေါင်းဆောင်များသည် ၄ လပတ် အစည်းအဝေးများကို ပုံမှန် ပြုလုပ်လေ့ရှိပြီး၊ ယခု နောက်ဆုံး ကျင်းပခဲ့သော အစည်းအဝေးမှာ လွန်ခဲ့သော စနေနေ့က ပြီးဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ဤအစည်းအဝေးတွင် ယခု စစ်တပ် ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာများကို ဆွေးနွေးခဲ့ကြပြီး၊ တပ်တွင်း အပြောင်းအရွှေ့များကိုလည်း ဆောင်ရွက်ခဲ့သည်။ ဇူလိုင်လတွင် နောက်ဆုံး ကျင်းပခဲ့သော ၄ လပတ် အစည်းအဝေးတွင် စစ်အစိုးရသည် စစ်အရာရှိ ၁ဝဝ နီးပါးကို ပြောင်းရွှေ့ခန့်ထားမှုများ ဆောင်ရွက်ခဲ့သည်။

"စစ်တပ်ကို ခိုင်မာတောင့်တင်းအောင် လုပ်ရမှာမို့လို့ ဒီတခါလည်း တပ်ထဲမှာ အပြောင်းအလဲတချို့ လုပ်ခဲ့ပါတယ်။ ဗိုလ်ချုပ် ၃ ယောက်ကို ဒုဗိုလ်ချုပ်ကြီးများအဖြစ် ရာထူး တိုးမြှင့်ပေးခဲ့ပါတယ်" ဟု ထိုင်းနိုင်ငံတွင် အခြေစိုက်သည့် စစ်ရေးသုံးသပ်သူ ဦးဝင်းမင်းက ပြောသည်။

သို့သော် ဤအပြောင်းအလဲများနှင့် ယခု ၄ လပတ် အစည်းအဝေးသည် ၂ဝဝ၈ ခုနှစ်အတွက် နောက်ဆုံး ဖြစ်သည်နှင့်အညီ သိပ်အရေးမပါလှဘဲ စစ်အစိုးရက ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကိုသာ ပိုမို အာရုံစိုက် ဆွေးနွေးခဲ့ကြသည်ဟု သူက ပြောသည်။

"ဒီတခါတော့ ဝန်ကြီးတွေထဲမှာ နဲနဲပဲ အပြောင်းအလဲ ဖြစ်မယ်လို့ ထင်တယ်။ ဒါတွေက နောက်အစည်းအဝေးကျမှ လုပ်မှာ" ဟု သူက ဆိုသည်။

မြန်မာစစ်တပ်တွင်း ထိပ်တန်းရာထူးကြီးများ တက်ရောက်သည့် လေးလပတ် အစည်းအဝေးကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်များ (SPDC) ၊ တန်ခိုးထွားလှသော စစ်တိုင်းမှူးများ၊ ကစထ (BSO) မှူးများပါဝင် တက်ရောက်ကြသည်၊

မည်သို့ပင်ဖြစ်စေ သတင်းရပ်ကွက်များက မဇ္ဈိမသို့ ပြောကြားသည်မှာ အငြိမ်းစားယူသွားသည့် ကစထမှူးများ ဖြစ်ကြသော ဗိုလ်ချုပ်မောင်ဘို၊ ဗိုလ်ချုပ်ရဲမြင့်နှင့် ဗိုလ်ချုပ်ကျော်ဝင်းတို့သည် ယခုအစည်းအဝေးကို လာတက်ခဲ့ကြသဖြင့် သူတို့သည် နအဖ အဖွဲ့ဝင်များအဖြစ် ရှိဆဲပင်ဖြစ်ကြောင်း ထင်ရှားသည်ဟု ဆိုကြသည်။

ငြိမ်းအဖွဲ့များကို ကိုင်တွယ်ရန်၊ အထူးသဖြင့် တဒါဇင်ခွဲခန့်ရှိသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို လက်နက်ဖြုတ်ရာတွင် သူတို့၏ အခန်းကဏ္ဍကို အသုံးချရန်အတွက် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လိုလားသည်ဟု သတင်းရပ်ကွက်များက မဇ္ဈိမကို ပြောသည်။

"သန်းရွှေနဲ့ သူ့ဗိုလ်ချုပ်တွေက ကာကွယ်ရေး ကော်မရှင်မှာ အဖွဲ့ဝင်တွေ ဖြစ်လာနိုင်တယ်။ တရုတ်ပြည်ကလို ပုံစံတမျိုးပေါ့" ဟု အဆိုပါ နေပြည်တော် သတင်းရပ်ကွက်တခုက ပြောသည်။

စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲလွန် ကာလအတွက် ရုံးများဖွင့်ရန် ပြင်ဆင်နေပြီး ယင်းရုံးများသည် တောတွင်းမြို့တော်ရှိ ကာကွယ်ရေးဌာန၏ အဆောက်အဦတချို့တွင် ဖွင့်လှစ်လိမ့်မည် ဖြစ်သည်။

တရုတ်-မြန်မာ နယ်စပ်အခြေစိုက် လေ့လာသုံးသပ်သူ ဦးမြမောင်ကမူ မကြာသေးခင်က ပြီးဆုံးသွားခဲ့သော အစည်းအဝေးသည် ၂ဝ၁ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်သည့်အနေနှင့် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

"ဗိုလ်ချုပ်ကြီးတွေက ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ပြင်နေကြတာ။ လုံခြုံရေးကိစ္စတွေ၊ ပြည်ထဲရေးကိစ္စတွေနဲ့ ရဲတပ်ဖွဲ့ကို ပြင်ဆင်ထားဖို့ပဲဖြစ်တယ်" ဟု ဦးမြမောင်က ပြောသည်။

ဒီမိုကရေစီသို့သွားရာ လမ်းပြမြေပုံ၏ အစိတ်အပိုင်းတရပ်အရ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ပြီး အနိုင်ရပါတီကို အစိုးရဖွဲ့ခွင့်ပြုကာ အာဏာလွှဲပြောင်းပေးမည်ဟု မြန်မာစစ်အစိုးရက ကြေညာထားသည်။

သို့သော် အစိုးရသည် အတိုက်အခံ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခြင်း၊ နှစ်ရှည် ထောင်ဒဏ်ချခြင်းဖြင့် သူတို့ကို တင်းတင်းကျပ်ကျပ် စောင့်ကြည့် ထိန်းချုပ်ထားမှုများကိုမူ ဆက်လက် ထိန်းသိမ်းထားဆဲ ရှိသည်။ ထို့ပြင် တိုင်းပြည်တဝှမ်း ၂ဝဝ၇ ခုနှစ် သြဂုတ်နှင့် စက်တင်ဘာလများအတွင်း ဒီမိုကရေစီလိုလားသည့် တက်ကြွလှုပ်ရှားသူများက ဆန္ဒပြပွဲများ ကျင်းပခဲ့သော မြို့များ၊ မြို့ကြီးများတွင် လုံခြုံရေးအစီအမံများ ပြုလုပ်ထားသည်။

အထွေထွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်သည့် အနေနှင့် တပ်တွင်းတွင် ရာထူးနေရာ အများအပြားကို အပြောင်းအလဲများ ပြုလုပ်ဖွယ်ရှိသည်ဟု ဦးမြမောင်က ပြောသည်။ အချို့ကို အငြိမ်းစားယူစေပြီး၊ အချို့ကို အရပ်သား အစိုးရဘက်သို့ ပို့ကာ၊ ရဲတပ်ဖွဲ့ကိုမူ အရန်စစ်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်သည်ဟု ဆိုသည်။

"ဘယ်လိုဆန္ဒပြမှုမျိုးပဲ ဖြစ်လာဖြစ်လာ၊ ရဲတပ်ဖွဲ့က နှိမ်နင်းနိုင်ဖို့ စစ်အစိုးရက ရဲတပ်ဖွဲ့ကို တိုးချဲ့ဖွဲ့စည်းတာတွေ လုပ်နေတယ်။ စစ်တပ်ကတော့ တိုင်းရင်းသား သူပုန်တွေနဲ့ တိုက်ဖို့ ဆက်ထားမှာဖြစ်တယ်" ဟု ဦးမြမောင်က ပြောသည်။

တိုင်းပြည်တဝှမ်းတွင် အနည်းဆုံး ရဲတပ်ဖွဲ့ ၁၆ ရင်းမှ ၁၈ ရင်းထိ တိုးချဲ့ဖွဲ့စည်းခဲ့ပြီး၊ တပ်ရင်းတရင်းလျှင် ရဲတပ်ဖွဲ့ဝင် ၄ဝဝ ကျော်ရှိသည်ဟု သူက ပြောသည်။

သို့သော် ထိုင်းနိုင်ငံအခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက် (NDD) ၏ သုတေသီဖြစ်သူ ဦးဌေးအောင်ကမူ မကြာခင်က ကျင်းပခဲ့သော စစ်အစိုးရ၏ ၄ လပတ် အစည်းအဝေးတွင် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် လတ်တလော ဖြစ်ပွားနေသည့် ရေကြောင်းနယ်နိမိတ် ပြဿနာ အစရှိသည့် အရေးပါသော ပြဿနာကြီး အနည်းငယ်မျှကိုသာ ဆွေးနွေးဖွယ်ရှိသည်ဟု ပြောသည်။

"ကျနော်ထင်တာ စစ်အစိုးရက ၂ဝ၁ဝ ရွေးကောက်ပွဲလို၊ မကြာသေးခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဖြစ်ခဲ့တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လို အကြပ်အတည်းတွေနဲ့ စီးပွါးရေး အကြပ်အတည်းတွေ ဆိုတာလောက်ပဲ အရေးကြီးတာတွေ ဆွေးနွေးမှာပါ" ဟု ဦးဌေးအောင်က ပြောသည်။

မည်သူတွေက နိုင်ငံရေးပါတီ ဖွဲ့ရမည်၊ မည်သူတွေက စစ်တပ်ထဲတွင် ကျန်ခဲ့ရမည် ဆိုတာကိုလည်း စစ်အစိုးရက ဆွေးနွေး ဆုံးဖြတ်ဖွယ် ရှိသည်ဟုလည်း ဦးဌေးအောင်က ပြောသည်။

မည်သို့ပင်ဖြစ်စေ ၄ လပတ် အစည်းအဝေးများ၌ ပြုလုပ်သော တပ်တွင်း အပြောင်းအလဲများသည် ပုံမှန်သာဖြစ်ပြီး စစ်တပ်တခုလုံး၏ ဖွဲ့စည်းမှုအပေါ်တွင်မူ အနည်းငယ်သာ အရေးပါလိမ့်မည်ဟုလည်း သူက ပြောသည်။

(စိန်ဝင်း ဖြည့်စွက်ရေးသားသည်)

သတင်းတိုထွာ

Monday, November 24, 2008

မိတ်ဆွေစစ်



အတၱာနေဥၥ ပိယံ ဇညာ၊ ရေကၡယ် နံ သုရကၡိတံ။
တိဏၰံ အညတရံ ယာမံ၊ ပဋိဇေဂၢယ် ပဏ္ဍိတော။

မိမိကိုယ်ကို ချစ်အပ်၏ဟုသိပါမူ ထိုမိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်ခြင်းဖြင့် စောင့်ရှောက် ရာ၏ ပညာရှိသူသည် အရွယ်သုံးပါးတို့တွင် တစ်ပါးပါးသောအရွယ်၌ လုံ့လထုတ်ကာ သုတ် သင်ရာ၏။ (ဓမ္မပဒ)

လူတိုင်း နတ်တိုင်း၊ ဗြဟ္မာတိုင်းတို့၊ နက်ရှိုင်းမှတ်သို၊
မိမိကိုယ်ကို၊ ကြည်ညိုချစ်ခင်၊ မိတ်ဆွေထင်၏။
သို့ပင်တင်စား၊ အားကိုးငြားလည်း၊
မြောက်မြားထိုထို၊ ဤသို့ကိုယ်ကို၊
ထင်သလိုစစ်၊ ကယ်မဖြစ်ဘဲ၊
မင်းညစ်ပါပ၊ ဒုကမ္မ၌၊
ပျော်ကြပြီးကာ၊ ညစ်ညူးစွာလျှင်၊
ပါယ်ရွာဘက်သို့၊ သင့်ကိုပို့ကြောင်း၊
ရွှင်မျို့ဖွယ်ယောင်၊ မာယာဆောင်သည့်၊
အကောင်ဥပါ၊ ကဲ့ပမာသို့၊
လိမ္မာ ပါးနပ်၊ ပူး၍သတ်သည့်၊
ကြောက်အပ်ထိပ်သီး၊ ရန်သူ ကြီးပင်။
ဤနည်းအမှန်၊ သူ့ဖြစ်ဟန်ကို၊
သိဉာဏ်စေဘိ၊ ရိပ်စားမိလျက်၊
သတိပညာ၊ ရှေ့ဆောင်ကာလျှင်၊
ခန္ဓာဟုဆို၊ ရသည့်ကိုယ်ကို၊
သူ့လိုမလိုက်၊ ကိုယ့်အကြိုက်ဖြင့်၊
အမိုက်စော်ကား၊ လုပ်ခွင့်တားလျှက်၊
ဆယ်ပါးကောင်းဟိတ်၊ သုစရိတ်ကို၊
ခဲကြိတ်မြဲပေ၊ ပြုလုပ်စေ၍၊
မိတ်ဆွေအစစ်၊ ကယ်ပင်ဖြစ်အောင်၊
နွားညစ်ဆုံးမ၊ ပုံတမျှသို့၊
ဒန္တဖြစ်ကြောင်း၊ ဥပါယ်ပေါင်းဖြင့်၊
ဖျားယောင်းလိမ္မာ၊ ကိုယ့်ဘက်ပါ၍၊
သံသာထွက်မှု၊ ဖော်ကောင်းပြုလျက်၊
သင့်မှုသင့်တာ၊ သင်လိမ္မာလျှင် ... သင်သာသန္တိ ချဉ်းလိမ့်သော်။


ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရ ကျောင်းတိုက် အဘိဓဇမဟာရဋ္ဌဂုရု စတုတ္ထစံကျောင်း ဆရာတော် ဘဒ္ဒန္တ၀ိမလ၏ သြ၀ါဒရတနာ သုတပဒေသာမှ ကောက်နုတ်ချက်များကို ပြန်လည်ဝေငှပါသည်။ အားလုံးသော သတ္တ၀ါတွေ ဘေးကင်း ရန်ကွာ၍ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေ။
ကန္တာရ

Thursday, November 6, 2008

တကယ်ပြောတာပါ


ကျွန်တော့်ရဲ့  ဘလော့လေးကို မတော်တဆ ဝင်ရောက်ကြည့်မိတဲ့ ညီအစ်ကို၊မောင်နှမများ
ဒီဘလော့လေးနဲ့ ဘလော့ဖန်တီးသော မတောက်တခေါက်....ကျွန်တော်ကို ဝေဖန်အကြံပေး ပြစ်တင်အပုတ်ချ၊ အဟုတ်ကဟုတ်ကလေးတွေ ပေးပို့နိုင်ပါတယ်၊

Youtube ဗွီဒီယို

Loading...

မြန်မာ စံတော်ချိန်

အမေရိကန် စံတော်ချိန်(New York)

ထိုင်းစံတော်ချိန်-Bangkok

အဖြူရောင်သံစဉ်

အဖြူရောင်သံစဉ်

Fairy Art of the Day

သတင်းနှင့်ရုပ်ရှင်

http://www.youtube.com Brazillian Musics Click

ပြောချင်တာပြောဗျာ free ပဲ

ဧည့်သည်တွေက

Google Talk Gadget


Widget by iMessengr.com

About Me

Blog Archive

Powered By Blogger